Part 19

70 3 0
                                    

Zawgyi

"မမ...စား​နော်​..."

ရှင်းသန့်​က ကြက်​သားတုံး​လေး
ထည့်​​ပေးပြီးအိမ်​ရှင်​လုပ်​​နေ​တော့
သူမပြုံးပြလိုက်​ပြီး
ရှင်းသန့်​ကိုလည်း ကြက်​သား
တစ်​တုံးထည့်​​ပေးလိုက်​သည်​။

"စား...ဒါနဲ့​လေ..ရှင်းသန့်​နာမည်​ကရှင်းသန့်​နှစ်​လုံးထဲလား"

"မဟုတ်​ပါဘူး...
ရှင်းသန့်​​ရောင်​​လေ...
မလှဘူးမလား...​ဖေ​ဖေက
ကိုကိုနဲ့တူ​အောင်​ဆိုပြီး​ပေးလိုက်​တာ​လေ...
ကိုကို့နာမည်​ကျလှပြီး
ရှင်းသန့်​နာမည်​ကျ..
ရှင်းသန့်​​ရောင်​ဆိုပြီးဖြစ်​သွားတာ"

"လှပါတယ်​...ရှင်းသန့်​ရဲ့...
မမ​တော့ သ​ဘောကျတယ်​....
ထက်​..ရှိန်း..​နောင်​က..အဲ့​လောက်​လဲမလှပါဘူး"

"ဟင်း...ရှင်းသန့်​က​တော့မကြိုက်​ဘူး..ရှင်းသန့်​က ယွန်း ဆိုတဲ့နာမည်​​လေး​တွေ
ကြိုက်​တာ​လေ...
ပိုလှတယ်​မလား..."

"မမက​တော့..ရှင်းသန့်​ကို ပိုကြိုက်​တယ်​​လေ...မမဆို
ကြည့်​....​မေရွက်​ဝါတဲ့...
နာမည်​ကြီးက
နမိတ်​လည်းမ​ကောင်း...
ရွက်​ဝါဆိုမှ​တော့ 
ကြွေ​တော့မှာ​ပေါ့"

"အင်း...ဒါ​ပေမယ့်​ မမနာမည်​က
အကုန်​​ပေါင်း​ခေါ်ရင်
လှပါတယ်​...
ဒါနဲ့ ​မေ​မေက ဘယ်​နှနာရီပြန်​မှာလဲ"

"အင်း...​မေ​မေက ည​နေ​လောက်​ကျပြန်​​တော့မယ်​...
ဟိုမှာလည်းဆိုင်​ကို စုစုတို့လက်​ထဲအပ်​ခဲ့ရတာဆို​တော့
သိပ်​စိတ်​မချချင်​ဘူး..."

"အင်း...အာ့ဆို...
ကားထားခဲ့​နော်​...
ရှင်းသန့်​ shoppingထွက်​ဦးမှာ"

"ဟင်​..အာ့ဆို.​မေ​မေက
ဘယ်​လိုပြန်​မတုန်း..."

"မဟုတ်​ဘူး​လေ...
မေ​မေသွားတဲ့အချိန်​ကျ
ရှင်းသန့်​အဲ့ကားနဲ့
မေ​မေ့ကိုကားဂိတ်​လိုက်​ပို့ပြီး
shoppingထွက်​မယ်​..​​မေ​မေက မြို့ထဲကကားလက်​မှတ်​ဖြတ်​ပြီး
ဆက်​သွား​ပေါ့...."

အကုန်​လုံးက သူ့စကားနဲ့
သူဖြစ်​တဲ့အပြင်​ 
မေရွက်​ဝါကပါသူ့ကို
လှည့်​​တောင်​မကြည့်​​တော့
သူ တင်းချင်​လာသည်​။

Little Flowers Blooming upWhere stories live. Discover now