Part 7

141 6 2
                                    

Zawgyi

"မင်း ဒီအတိုင်း​နေ​တော့မှာလား"

ရန်​နိုင်​မင်း​ပြောတာကိုသူ
မသိချင်​​ယောင်​​ဆောင်
နေပြန်​ပြီ....

"မင်းမှာ ပိုက်​ဆံရှိတာသိတယ်​.....
အလုပ်​​တော့ လုပ်​ရမှာ​ပေါ့...
မင်းပညာ​တွေဘာလုပ်​ဖို့လဲ...."

သူလည်းသိပါသည်​။
အလုပ်​တစ်​ခုလုပ်​သင့်​​နေတာ...

"ငါမင်းကိုကြည့်​​နေတာကြာပြီ
မင်း ​မေရွက်​ဝါနဲ့​တွေ့ရင်​တစ်​ခုခု​တော့ဖြစ်​​နေတယ်​မလား..."

သူမ​နေတတ်​​တောင်​ဖြစ်လာသည်

ရန်​နိုင်​မင်းက အမှန်​​တွေချည်း လွှတ်​​နေသည်​ကိုး.......

ဒီ​တော့ သူလိမ်​လည်းမလိမ်​နိုင်​သလို အမှန်​လည်းမ​ပြောနိုင်​​ချေ။

"ဟား...ဟား...မင်းမဝန်​ခံချင်​လဲ
ရတယ်​...ငါ​ပြောချင်​တာကမင်း သူ့အ​ပေါ် တစ်​ခုခုခံစား​နေရတယ်​ဆို အလုပ်​အရင်​လုပ်​တာ​ကောင်း မယ်​...အလုပ်​မရှိတဲ့
သ​ဌေးသားကို
ဘယ်​​ကောင်​မ​လေးကမှ အထင်​မကြီးဘူး​နော်​.."

"ကျစ်​....မင်းအသံ​လျှော့ အိပ်​​နေတယ်​...."

ရန်​နိုင်​မင်းအသံကြီးကျယ်​​နေလို့
ထက်ရှိန်း​နောင်​အ​ပေါ်ထပ်​ကိုကြည့်​ပြီး​ပြောလိုက်​တာ သူက ပါးစပ်​အုပ်​ပြီး

"ဟ...ဘာ​တွေလဲကွ...
မေရွက်​ဝါအခန်းက​အောက်​မှာ
မဟုတ်​ဘူးလား...မ​နေ့ကသူ....
မင်းအခန်းထဲမှာအိပ်​တာလား..."

"ကျစ်​....ကြမ်းပြင်​မှာအိပ်​တာ..."

သူမသိက္ခာကို ထိခိုက်​မှာစိုးလို့
ရှင်းပြလိုက်​သည်​ကို
ရန်​နိုင်​မင်းက
မျက်​နှာကြီးဖြီးပြီး....

"မင်းကိုဘာ​ပြောလို့လဲ...
အိပ်​​ရေးပျက်​မှာစိတ်​ပူတယ်​​ပေါ့..."

"ကျစ်​...သူများကို​ပြောမ​နေနဲ့...
မြနှင်း​ဝေရီနဲ့ မင်းက​ရော..."

ထက်​ရှိန်း​နောင်​ ရန်​နိုင်​မင်းကို
ပထမဆုံး ​မေးခွန်းပြန်​​မေးတာမို့
ဖြေချင်​​ပေမယ့်​...​ဖြေရခက်​မယ့်
အ​ဖြေဆို​တော့လည်း...နှုတ်​ဆိတ်​​နေရင်း...

Little Flowers Blooming upTahanan ng mga kuwento. Tumuklas ngayon