part 1

1.9K 50 0
                                    

"အားးးးး......မမ ဘယ်မှာလဲလို့..... ကျနော် ဘယ်နားလိုက်ရှာရမှာလဲလို့.... အူးဝါးးးးးးးး... "

ကျောက်စိမ်းကဲ့သို့သွယ်လျနေသောလက်တစုံသည် တန်ဖိုးအကြီးဆုံးပုလဲလုံးလေးများထက်ပင်လှပသော မျက်ဝန်းနက်လေးများအား ပွတ်သပ်၍ ငိုချင်းချနေသည်မှာ သနားစရာကောင်းသည့်အပြင် အလွန်လှပသော ပန်းချီကားချပ်တချပ်ကဲ့သို့ဖစ်နေသည့်အတွက်... ဘေးမှ အစေခံဖစ်သူမှာ မနေသာစွာ ဝင်ချော့ရလေတော့သည်။

"မငိုပါနဲ့တော့ ...သခင်လေးရယ် သခင်မလေးကို ရှာတွေ့မယ်လို့မထင်ဘူး... ပြန်ကြရအောင်ပါ မျိူးနွယ်စုအပိုင်စားနယ်မြေကနေ တော်တော်လေးလဲဝေးလာနေပါပီ... အခုချိန်မှ ရှာမတွေ့ရင် ရှေးဟောင်းနယ်မြေ ပြင်ပဖက်ရောက်သွားပီလို့ထင်ပါတယ်... "

ထိုသို့ချော့ကာမှ ပိုဆိုးကာ အသံပြဲကြီးနှင့်ထအော်ငိုနေသော သခင်လေးကား လီအန်းမျိူးနွယ်စု၏ အလိုလိုက်ခံရဆုံး အဆော့မက်ဆုံး လှပကာချစ်စရာအကောင်းဆုံးဖစ်သည့်
အငယ်ဆုံး သခင်လေးဖစ်သူ
လီကျင်းရှောင် ပင်ဖစ်လေသည်။

ဤနယ်မြေသည် ရှေးဟောင်းနယ်မြေတခုဖစ်ပီး ကမ္ဘာကြီး၏ အစွန်ဆုံးအရပ်၌တည်ရှိကာ မျိုးနွယ်စုပေါင်းများစွာ တသီးတသန့်နေထိုင်လေ့ရှိကြသော်လည်း နှစ်ပေါင်းများစွာတဲက မျိူးဆက်ရှားပါးမှု ပြဿနာများကြောင့် မျိူးနွယ်စုများသည် ရှားပါးမျိူးနွယ်ဖစ်သည့် လီအန်းမျိူးနွယ်စုနှင့် မဟာမိတ်ဖွဲ့ကာ သတို့သမီးများကို တောင်းခံလေ့ရှိကြသည်။

လီအန်းမျိူးနွယ်စုသည် ရှေးဟောင်းနယ်မြေတွင် အင်အားနည်းမျိူးနွယ်စုတခုသာဖစ်သော်ငြား မျိူးဆက်ဖွားမြင်ပေးနိုင်မှု အလွန်ပင်မြင့်ပီး အချို့​မျိုးနွယ်စုအမျိူးသားများပင်လျှင် ကိုယ်ဝန်ဆောင် ကလေး​လွယ်နိုင်ကြသည်မို့ အခြားမျိူးနွယ်စုတို့၏ အလေးပေးမှုကိုခံရသည့် မျိုးနွယ်စုလဲဖစ်လေသည်။
နောက်ထူးခြားချက်မှာ လီအန်းမျိူးနွယ်စုကို မြေခွေးသေလို့ဝင်စားကြသူများဟုပင်ဆိုရလောက်အောင် မျိူးနွယ်စုမှ လူအများစုသည် မြင်သည်နှင့်စိတ်နှလုံးသားအား ညို့ယူဖမ်းစားနိုင်သည်အထိချောမောလှပကြပီး နူးညံ့သောအသားရည်ကိုပိုင်ဆိုင်ကြသဖြင့် တပ်မက်ချင်စဖွယ်ပင်။

ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ Where stories live. Discover now