part 4

574 31 0
                                    

ထျန်းရှန်... သူ့ကလေးရှေ့မှ ပိတ်ရပ်နေသောကောင်အား ဂုတ်မှဆွဲကာ ပိတ်ကန်ပစ်ချင်သော်ငြား...ကလေး၏အစေခံမို့ သည်းခံကာ

" ကိုယ့်ကိုမမှတ်မိလဲ... ရပါတယ်...နောက်မှပြန်တွေ့မယ်နော် ကလေးလေး...ဒီတခါပြန်တွေ့ရင် တသက်လုံးမမေ့စေရဘူး... "
ထျန်းရှန်...စိတ်လျော့ကာ ပြန်လှည့်ထွက်လာလိုက်သည်...သူတကယ်ပင်ပျော်နေပါပီ...သူ မြေလှန်ရှာရတောင်တွေ့ရန်ခက်ခဲမည်ဟု ထင်ထားသူလေးက လီဟန်းမျိူးနွယ်စုဝင်မှ သခင်လေးဖစ်နေသည်မဟုတ်ပါလား...

ထိုသို့ဆိုလျှင် ဤထိမ်းမြားခြင်းကိုဖျက်ရန်ပင်မလို...လူပြောင်းရန်သာလိုတော့သည်သာ.. ထိုသတို့သမီးဖစ်သူကိုတော့ သူသေချာတောင်းပန်မည်ဖစ်သည်မို့... ကျန်တာကိုစိတ်ထဲမထည့်ထားတော့... ထျန်းရှန်..သူ့စိတ်ထဲကြိုတင်အစီစဉ်ဆွဲကာ အကြီးကဲများရှိရာသို့မပြေးရုံတမယ်ပင်ပြန်လာတော့သည်။ သူအမြန်လုပ်မှ သူ့ကလေးနားအမြန်ပြန်လာပီး အပိုင်သိမ်းနိုင်တော့မည်မဟုတ်ပါလား...

...လီအန်းသခင်ကြီး သူ၏အကြီးကဲခေါင်းဆောင်များနှင့်တကွ ဧည့်ကြိုစကားပြောကာ... သတို့သားဖစ်သူ သခင်လေးထျန်းရှန်အား ပြန်လည်စောင့်ဆိုင်းလျက်ရှိပီး... သတို့သမီးဖစ်သူ ပျောက်သွားသည်ကို ပွင့်ပွင့်လင်းလင်းပြောရန်ပြင်ပီး မျိူးနွယ်စုထဲမှ အလွဆုံး မိန်းမပျိုတဦးအား လက်ခံပေးကာ တောင်းပန်ရန် တီးတိုးတိုင်ပင်နေကြသည်။

"..စောင့်ဆိုင်းမိစေတဲ့အတွက် တောင်းပန်ပါတယ်...ကျနော်အသိတယောက်နဲ့တွေ့နေလို့ ကြာသွားတယ်..ခွင့်လွတ်ပေးပါ.. "
ထျန်းရှန်ဝင်လာကတဲက... ရိုကျိူးသောနှုတ်ဆက်မှု ခန့်ငြားချောမောသော မျက်နှာပိုင်ရှင်အားကြည့်ကာ လီအန်းသခင်ကြီး သဘောကျမိနေလေပီ။သူ၏သားမက် မဖစ်နိုင်တော့သည်မှာတော့ နမြောစရာပင်.

"တောင်းပန်စရာမလိုပါဘူး...သခင်လေး ..တောင်းပန်ကျေးဆို ကျနော်တို့ဖက်က အနူးညွတ်တောင်းပန်ရမယ့်အရာလေး ရှိနေပါတယ်... "

"ဘယ်လိုအရာကိုပြောတာပါလိမ့်...ပွင့်ပွင့်လင်းလင်း ပြောပါ သခင်လီအန်းခင်ဗျာ... အားနာနေစရာမလိုပါဘူး"

ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ Where stories live. Discover now