part 12

393 19 0
                                    

ကျင်းရှောင်...သူ၏ရှေ့မှရှိသော အစားစာများအား အငမ်းမရစားလေတော့သည်။ သူနေ့လယ်စာတနပ်ကြီးများတောင် လွတ်သွားပီမဟုတ်ပါလား...ထို့အပြင်ပြေးလွှားကာ တလမ်းလုံးပင်ပန်းလာသည်မို့ ဟန်မဆောင်နိုင်အပီအပြင်စားသောက်လေတော့သည်။

"ဝါး...ဖက်ထုပ်လေး နူးအိနေတာပဲ...အရမ်းအရသာရှိတယ်...ဝိုး..ကြက်ပေါင်းခေါက်ဆွဲလေးအနံ့လေးနဲ့တင်ဗိုက်ပိုဆာလာသလိုပဲ...အာ....ကြာစွယ်တန်ပူရာ...မစားဖူးတာဘယ်နနစ်ရှိပီလဲ.ရှလွတ်..."

စစ်ထျင်း...သူ၏ရှေ့၌ ငတ်ကြီးကျနေသောကလေးအားကြည့်ကာ ပြုံးတုံ့တုံ့ဖြင့် ထိုင်ငေးကြည့်နေမိပြန်လေသည်...သူကြည့်လေ ကြည့်မဝလေ ပို၍ကြည့်ချင်လေဖစ်ပီး ဤကလေးအားသူ လက်မလွတ်ချင်တော့ပါ...မည်သည်ကြောင့်ဟုမသိသော်ငြား ဒီကလေးနားနေရလျှင် သူ့စိတ်အေးချမ်းနေ၏ ပျော်ရွင်၏ အမြဲတမ်းလောဘဒေါသဖြင့် ဆက်ခံသူဖစ်ဖို့သာကြိူးစားနေရသဖြင့် လောကကြီး၏သာယာမှုကိုပင်သူမေ့လျော့နေသည်မှာ ကြာပီပင်...ယခုသူလေးနှင့်ရှိမှ လောကကြီး၏သာယာမှုအေးချမ်းမှုကိုပြန်လည်ခံစားရပီး ဒီကလေး၏အငွေ့သက်များကြား စိတ်ချမ်းသာမိပါ၏...
သူ့ရှေ့မှ ရှဥ့်ပေါက်ပိစိလေးအစာသွပ်နေဟန်ဖြင့် ဘယ်လက်ကောညာလက်ပါမအား နှုတ်ခမ်းလေးများကနီထွေးနေပီး ဆီလေးများဝေ့၍ ရွန်းစိုနေသည်မှာ အမြင်မလွဲချင်စဖွယ်..နှုတ်ခမ်းထောင့်လေး၌ပေနေသော အချိုနှစ်လေးအား သူလက်ဖြောင့်တန်း၍ မထိန်းနိုင်စွာအသာယာသုတ်ပေးလိုက်မိ၏...

"အန့်...အကိုကြီး ကျေးဇူး...ဟီးဟီး ရှက်စရာတွေဖစ်ကုန်ပီ...အကိုကြီးကောမစားဘူးလား...ကျနော်တယောက်ထဲပဲစားနေရသလိုပဲ..."

"အဟမ်း...ကိုယ်စားပါတယ်...စားလို့ကောင်းလား..."

"အွန်း.. အွင်း.. အရမ်း..ရမ်းကောင်းတယ်..ကျနော်အပြင်စာတွေမစားဖူးတာတော်တော်ကြာနေပီ..အရင်ဆိုဒါတွေစားချင်ရင် မမနဲ့ခိုးထွက်ပီးစားရတာ..."

"အိုး...မင်းမှာအမရှိတယ်လား...သူ့အသက်ကဘယ်လောက်လဲ..."

"အန်း...၂၂ လားထင်တယ်..ကျနော့်ထက် ၈နှစ်လောက်ကြီးတယ်.."

ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ Where stories live. Discover now