ကျင်းရှောင်...သူ့ရှေ့မှ လဒမှိုင် မှိုင်ကာပြန်သောသူအားကြည့်ကာ... စိတ်တိုနေသည်ပင်ပျောက်ကာ ဝမ်းသာသလိုဖစ်သော်ငြား...တချိန်ထဲ၌ နမြောသလို... မည်သို့သောခံစားကြီးလဲဆိုသည်မှာတော့ သူမသိပါ...သို့သော် ကလေးသဘာဝမေ့ပျောက်ကာ ညစာစားဖို့ ဖခင်ဖစ်သူအနားသွားကာ ကပ်ချွဲလေတော့သည်။
..................
..................ရှေးဟောင်းနယ်မြေ၏အစွန် တခုသောတောအုပ်ထဲ၌ အမျိူးသမီးတဦးနှင့် ကောင်မလေးတယောက် မီးဖိုဘေးနားထိုင်ကာ ငှက်တကောင်ကိုကင်စားနေကြလေသည်။ အမျိူးသမီးအမူယာမှာမူ အေးဆေးဖစ်နေသော်ငြား...ကောင်မလေးကတော့ ကျီးကန်းတောင်းမှောက်ဟိုကြည့်ဒီကြည့် ဂနာမငြိမ်စွာဖြင့် ဟိုဒီလျောက်ကြည့်နေလေသည်။
"ဖန်ဖန်း... လျောက်မကြည့်နဲ့တော့ သူတို့လိုက်လာနိုင်မှာမဟုတ်ဘူး...စားစရာရှိတာစားရအောင်... နော်.. ဒါလေးစားကြည့်.."
ဟု... ညင်သာစွာပြောနေသော အမျိူးသမီးကား လက်ဆက်ပွဲမှထွက်ပြေးလာသော လီအန်းမျိူးနွယ်စု၏ဆက်ခံသူသခင်မလေး လီရှန်းချင် ပင်ဖစ်ပေသည်။သူ့လက်ထဲမှ ငှက်၏ပေါင်သားလေးအားသေချာဖဲ့ကာပေးလိုက်သည်ကို မဝံ့မရဲယူလိုက်သူလေး ဖန်ဖန်းဆိုသည်ကတော့ အဆိုပါသခင်မလေး၏ အေစခံဖစ်သူ ကျင်းလီဖန်း ဆိုသည့် ကောင်မလေးဖစ်သည်။
"သခင်မလေး...ပြန်ကြရအောင်ပါ...နယ်မြေပြင်ပက ဘယ်လိုအန္တာယ်ရှိတယ်လဲမသိ...အခုမျိူးနွယ်စုလဲဘာတွေဖစ်နေပီလဲမသိဘူး...သေချာတောင်းပန်ရင်.. အဆင်ပြေသွားမှာပါ.. သခင်ကြီးကဆက်ခံသူသခင်မလေးကို အရမ်းချစ်တာလဲသိရဲ့သားနဲ့..."
"သိတယ်လေ... ဒါမဲ့ အဲ့တာနဲ့ပဲ ငါမကြိုက်တဲ့ သူကိုယူရပါမယ်လို့ဆိုလို့လား..."
"ဒါပေမဲ့...ဒီလိုမျိူး ကျွန်မတို့တောက်လျောက် ထွက်ချည်းပြေးနေလို့ မရဘူးလေ သခင်မလေး...အပြင်လောက ကအန္တာယ်များပါဘိနဲ့...ပြန်ရအောင်ပါနော်"
"ဖန်ဖန်း...ပြော...မျိူးနွယ်စုထဲဘယ်သူကျန်ခဲ့လို့ အရမ်းပြန်ချင်နေရတာလဲ..."
"မကျန်ခဲ့ပါဘူး...ဒါပေမဲ့ သခင်ကြီးနဲ့သခင်လေးတို့က သခင်မလေးကို တကယ်စိတ်ပူနေပါလိမ့်မယ်...နောက်ပီးကျွန်မတို့သာ လီအန်းမျိူးနွယ်ကဆိုတာ အပြင်လူတွေသိရင် အကျိူးဆက်ကမသေးဘူးဆိုတာ သခင်မလေးသိရဲ့နဲ့ .."
YOU ARE READING
ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ
Romanceရှေးဟောင်းနယ်မြေတခုတွင် တည်ရှိနေသော လူမျိူးစုနှစ်ခု ချစ်ကြည်ရေးအတွက် လက်ထပ်ထိမ်းမြားပွဲကို စီစဥ်ပီးနောက် လက်ထပ်ရမယ့်သတို့သမီးဖစ်သူ ထွက်ပြေးသွားသဖြင့် သတို့သမီး၏ မောင်ဖစ်သူမှ အစားထိုးဝင်ရောက်ရပီး လက်ထပ်ရသောအခါ... နဂို ကလေးမချစ်တတ်သောGong ကြီးမှ ကလေးအ...