part 2

834 38 0
                                    

ကျင်းရှောင်...ဘာမှမတတ်နိုင် အမဖစ်သူ၏ လင်မယူနိုင်ဟူသော စာတကြောင်းသာ ထားခဲ့သည့်အပေါ် မကျေမနပ်လဲမဖစ်.. သို့သော်ငြား မျိူးနွယ်စုပြင်ပတွင် မနေခဲ့ဖူးသူမို့ အသက်ကြီးသော အမဖစ်သူအပေါ်စိတ်ပူစိုးရိမ်လွန်းသဖြင့် တောင်ပြေးမြောက်ပြေးလိုက်လံရှာဖွေသော်ငြား....အတောမသတ်သည့် ရှေးဟောင်းနယ်မြေကြီးတွင်လူရှာရခြင်းမှာ ကောက်ရိုးပုံထဲအပ်ရှာသကဲ့သို့ပင်.

မှောင်လာပီမို့ စိတ်လျော့ကာ မျိူးနွယ်စုရှိရာဆီသို့သာဦးတည်ရတော့သည်...
စိတ်ထဲတွင် ဖြတ်ကနဲ သူ့အား ကောက်ချီလိုက်သောသူ၏ မျက်နှာကဖြတ်ကနဲပေါ်လာတော့... သူ၏မျက်နှာလေး၌ ပူကနဲဖစ်သွားသည်မို့... လက်လေးနဖက်ဖြင့် ယပ်ခတ်ခါ အရှေ့မှမပြေးရုံတမယ်လျောက်တော့သည်။

ကျင်းရှောင်၏ အစေခံဖစ်သူချန်းမင်.. သခင်လေး၏ အပြုမူအားကြည့်နေပီးနားမလည်နိုင်စွာနောက်မှ ထပ်တူသွက်သွက်လိုက်ရတော့သည်။

လီအန်းမျိူးနွယ်စုဆီသို့ ပြန်ရောက်သောအခါ သူ၏ဖခင်ဖစ်သူမှာ တဲရှေ့မှကြိုစောင့်နေပီး သူ့အားဆူလေတော့သည်။

" ကျင်းအာ... သားအသက်ကဘယ်လောက်ရှိသေးလို့ မကြောက်မရွံအပြင်ထွက်သွားရတာလဲ...အပြင်လောကက တခြားမျိူးနွယ်စုတွေကိုသတိထားဖို့ ပါပါးမပြောထားဘူးလား"

"ပါး....သားကိုမဆူပါနဲ့.. မမကို သားမှ ဒီတိုင်းမလွတ်ပေးနိင်တာကို..သားရှာနေမှန်းသူသိရင် ပြန်လာမှာပါ..ပီးတော့ မမမှ လက်မထပ်ချင်တာ ပါးပါးသာ လင်မပေးစားရင် မမကသားကိုထားခဲ့မြာမဟုတ်ဘူး..."

ကျင်းရှောင်...ညောင်းကိုက်နေပီဖစ်သောခန္ဓာကိုယ်ကြောင့်စိတ်ရှုပ်စွာ ဖခင်ဖစ်သူအားပြန်အပြစ်ပြောမိပီးနောက် သတိထားမိကာ... မျက်နှာလေးပြန်ငယ်သွားလေတော့သည် ။ သူ့စိတ်ထဲဖခင်ဖစ်သူအား အပြစ်မတင်သော်ငြား... အမဖစ်သူထွက်သွားသည်မှာလဲ သူ့အတွက် ကြီးမားသောဆုံးရှုံးမှုဝမ်းနည်းမှုဖစ်သောကြောင့် ပြောမိသွားလေပီ။

လီအန်းသခင်ကြီး... သက်ပျင်းမောကိုချကာ...

"ပါပါး... ဒီလိုလုပ်တာ မျိူးနွယ်စုကောင်းစားဖို့ပါ သားရယ်.. ပါးလဲမတိုက်တွန်းချင်ပေမယ့် ဒါကသူ့နောင်ရေးအတွက်လဲလုံခြုံစိတ်ချရဖို့ပဲလေ.. "

ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ Where stories live. Discover now