ထျန်ရှန်း....အဆောင်သို့ပြန်ရောက်လာသော်ငြား မနားနိုင်တော့...သူဘယ်သူဘာပြောပြော ကလေးဆီ ပြန်သွားမှဖစ်မည်.. မဟုတ်ပါက ကလေးကိုလွမ်းသည့်စိတ်ဖြင့် သူသေသွားနိုင်သည်။ ထို့နောက်မြင်းယူရန်သွားခိုက်...ကလေးမှသူ၏မြင်းကြီးများအား သဘောကျသောကြောင့် မြင်းထိန်းအားတစုံတခုပြောကာ... ယန်ပင်းနှင့်အတူ လီအန်းသို့ ဒုန်းဆိုင်းသွားလေတော့သည်။
'အားယိုးယိုး... ငါတို့သခင်လေးကတော့...ချစ်သူတောင်မဟုတ်ဘူး သူ့မိန်းမတန်းဖစ်မယ့်လူကို ၇ရက်လေးတောင်မစောင့်နိုင်ေတာ့ဘူး တွေ့ဖို့မောင်းတင်နေလိုက်တာ...နောက်ရက်တွေဆို ငါတော့လမ်းပေါ်မှာအိပ် လမ်းပေါ်စား ဒီလမ်းကိုပဲအသွားပြန်လုပ်ရတော့မှာပါလားနော်...အချစ်ရူးရူးနေတဲ့သခင်လေးကတော့ အိမ်ပေါ်အိမ်အောက်ဆင်းတယ်များထင်နေလားမသိပု့...'
ယန်ပင်း... သူ့သခင်လေး၏အဖစ်သည်းနေမှုကို လက်ဖျားတခါခါပင်ဖစ်ရသည်ထိ...ထျန်ရှန်း သူ့ပေါင်ပေ့လေးကိုတွေ့ရန် မနားမနေသွားလိုက်သည်မှာ... ညနေစောင်းမိုးချုပ်ခါနီးထိပင်။"သခင်ကြီး...လော့ပါးသောင်သခင်လေးမှ တွေ့ဆုံခွင့်တောင်းကြောင်းပါ"
".ဘာရယ်...သုန့်ထျန်ရှန်းသခင်လေးလား...မနေ့ညကမှပြန်သွားတာလေ..အခုဒီကိုရောက်နေတယ်လို့ပြောတာလား..."
"ဟုတ်ပါတယ်သခင်ကြီး...သခင်လေးကျင်းရှောင်ကိုတွေ့ပီး ပေးစရာရှိတယ်လို့လဲပြောပါတယ်..."
"မြန်မြန်ခေါ်လာခဲ့လိုက်..."
လီအန်းသခင်ကြီး မနေ့ကမှပြန်သွားသည့်သမက်လောင်းက ယနေ့ပင်ပြန်ရောက်လာသည်မို့... ထိုပေးမယ့်ပစ္စည်းကား မဖစ်မနေပေးဖို့လိုသည်များလား... မည်သည်မို့ ခရီးဝေးကိုချက်ချင်းပြန်လာရပါသနည်းဟုတွေးခိုက်..."လီအန်းသခင်ကြီးကိုတွေ့ဆုံပါတယ်...ကျန်းမာပါရဲ့လားဗျာ"
"သူစိမ်းဆန်စရာမလိုပါဘူး...သခင်ထျန်းရှန်... ဘာအရေးကြီးကိစ္စများရှိလို့လဲမသိဘူး..."
"အရမ်း...အရေးကြီးတာတော့မဟုတ်ပေမယ့်...အရေးကြီးတဲ့အရာလေးပေးစရာရှိလို့ သခင်လေးကျင်းရှောင်ကိုလာရှာရတာပါ...နောက်ပီး ကျနော့်ကို ထျန်းရှန်လို့ခေါ်ပါ ...နောက်ဆို မိသားစုဖစ်ပီဆိုတော့..."
YOU ARE READING
ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ
Romanceရှေးဟောင်းနယ်မြေတခုတွင် တည်ရှိနေသော လူမျိူးစုနှစ်ခု ချစ်ကြည်ရေးအတွက် လက်ထပ်ထိမ်းမြားပွဲကို စီစဥ်ပီးနောက် လက်ထပ်ရမယ့်သတို့သမီးဖစ်သူ ထွက်ပြေးသွားသဖြင့် သတို့သမီး၏ မောင်ဖစ်သူမှ အစားထိုးဝင်ရောက်ရပီး လက်ထပ်ရသောအခါ... နဂို ကလေးမချစ်တတ်သောGong ကြီးမှ ကလေးအ...