စစ်ထျင်း...သူ၏နောက်လိုက်များအား တွေ့ဆုံရန်အချိန်းချက်ပြုလုပ်ပီးနောက်..တည်းခိုခန်းရှိရာသို့ပြန်လာရာလမ်းတလျောက် ထိုကလေးငယ်အား တောင်ပေါ်သို့မည်သို့ပြောကာ ခေါ်ဆောင်ရမည်နည်းဟုတွေးတောရင်း...ပြန်ရောက်လာချိန်...ဝင်ပေါက်၌...
သူ၏ပြိုင်ဖက်လည်းဖစ်...သူငယ်ချင်းလဲဖစ်သော သုန့်ထျန်းရှန်အား...သူ၏ကလေးဖစ်သူဘေးတွင် ပြုံးပျော်စွာထိုင်နေပီး အစားသောက်များကိုဂရုတစိုက်ကျွေးမွေးနေသည်ကိုမြင်ရသဖြင့်... ဒေါသတို့ကထောင်းကနဲထွက်ကာ ကလေးဖစ်သူအား လက်မှဆွဲ၍ သူ့လက်မောင်းကြားပွေ့ပိုက်ခေါ်ဆောင်လိုက်၏...
ကျင်းရှောင်...ရုတ်တရက်အကိုကြီးမှ သူ့အားဆွဲလိုက်၍ စားလက်စမန်ထိုလေးကပြုတ်ကျကာ ပြူးတူးတူးလေးဖြင့်အူကြောင်ကြားဖစ်သွားပြန်လေသည်..။
'အကိုကြီးကော အဲ့လူကြီးကော လူကိုဖက်လုံးများထင်နေလားမသိပု့...အားနေဆွဲဆွဲဖက်နေကြတာ...အခုကဘာဖစ်ပြန်တာလဲ...'ထျန်းရှန်..သူ့ကလေးအားလူတယောက်မှဆွဲယူသွားကတဲက ကလေးဖစ်သူ၏လက်အားပြန်ဆွဲလုယူထားပီး ထိုသူအားဒေါသမျက်ဝန်းဖြင့်ကြည့်လိုက်ရာ..အံ့အားသင့်သွား၏...
"ဟုန့်စစ်ထျင်း...စစ်ထျင်း...မင်းကဘယ်လိုလုပ်ဒီမှာရှိနေရတာလဲ..အရင်သူ့ကိုလွတ်..."
စစ်ထျင်းဆိုသော ကောင်ကသူ၏သူငယ်ချင်းဖစ်သူဟုဆိုနိုင်သော်ငြား...ပြိုင်ဖက်ကောင်းတယောက်လဲဖစ်၏...၂နှစ်တကြိမ်ကျင်းပလေ့ရှိသော မျိူးနွယ်စုယောကျာ်းများ၏ သိုင်းပညာဖလှယ်ပွဲတွင် အမြဲတန်းအခြားသူများကို အနိုင်ယူလေ့ရှိပီး သူ့ကိုမနိုင်ဖူးသော်ငြား သူ့နှင့်လက်ရည်တူသော တဦးတည်းသောပြိုင်ဖက်မိတ်ဆွေလည်းဖစ်၏...
"မင်းလွတ်...ဒီကလေးက ငါစောင့်ရှောက်ထားတာ..မင်းကသာ ဘာလို့ဒီမှာရှိပီး ဒီကောင်လေးနားကပ်နေရတာလဲ..."
"အာ...ခန...ခင်ဗျားတို့နယောက် ကျနော့်ကိုအရင်လွတ်ဗျာ...ဘယ်လိုအခြေနေကြီးလဲလို့..."
ကျင်းရှောင်သူ့လက်တဖက်တချက်စီကို မလွတ်စတန်းဆုပ်ကိုင်ထားသည့် ကြီးကောင်ကြီးမားလူကောင်ကြီးနယောက်အကြား အနေရခက်သဖြင့်.. လက်ကိုရုန်းကာ ဆွဲထုတ်လိုက်လေရာ...
YOU ARE READING
ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ
Romanceရှေးဟောင်းနယ်မြေတခုတွင် တည်ရှိနေသော လူမျိူးစုနှစ်ခု ချစ်ကြည်ရေးအတွက် လက်ထပ်ထိမ်းမြားပွဲကို စီစဥ်ပီးနောက် လက်ထပ်ရမယ့်သတို့သမီးဖစ်သူ ထွက်ပြေးသွားသဖြင့် သတို့သမီး၏ မောင်ဖစ်သူမှ အစားထိုးဝင်ရောက်ရပီး လက်ထပ်ရသောအခါ... နဂို ကလေးမချစ်တတ်သောGong ကြီးမှ ကလေးအ...