part 26

302 10 0
                                    

လီကျင်းရှောင် သူ့စိတ်ကြိုက်တုတ်တချောင်းနဲ့ ထျန်းရှန်သူ့အတွက် စီစဥ်ထားပေးတဲ့ မြင်းကြီးပေါ်လွှားကနဲစီးနင်းလို့ ပွဲကစားကွင်းထဲဝင်ရောက်လာပီး အသင်းဖွဲ့ခွဲလို့ သူဦးဆောင်တဲ့နန်းတွင်းအခြံရံအဖွဲ့ကိုအနီရောင်...အကြီးကဲသားတို့ဖွဲ့စည်းထားတဲ့အသင်းကိုအပြာရောင်အဖစ်ခွဲပီး ၁နာရီအတွင်းဂိုးအများဆုံးသွင်းနိုင်တဲ့အဖွဲ့ကိုအနိုင်အဖစ်သတ်မှတ်ပီး ကစားပွဲကိုစတင်လိုက်တော့တယ်...

ကျင်းရှောင်ရဲ့အားသာချက်ကတော့မြေပြန့်လွင်ပြင်မှာ သူနေစဥ်ကသိုင်းပညာမသင်ကြားရပေမယ့် မျိူးနွယ်စုရဲ့တတ်အပ်တဲ့ပညာမှန်သမျှအကုန်တတ်ကျွမ်းတဲ့အပြင် မြင်းစီးခြင်းကိုအထူးကျွမ်းကျင်ပီး မြင်းပေါ်ကနေလေး​မြှားနဲ့ အမဲလိုက်ရတာသူ့ရဲ့အထူးကြိုက်နှစ်သက်တဲ့ ကစားနည်းတမျိူးလဲဖစ်တာမို့.. တုတ်တချောင်းနဲ့ဘောလုံးကိုလေပေါ်ဝဲပီး ဂိုးတိုင်ထဲသွင်းဖို့ဆိုတာ သူကစားနေသလောက်တောင်မရှိ..အစကအခြွေရံတွေက အခုမှဆော့မယ့်သခင်လေးကို အကြီးကဲသားတို့အဖွဲ့နဲ့ကစားစေပေမယ့် တမင်ကိုပဲသူငြင်းခဲ့တာ...

နောက်အစေခံဖစ်စေ အခြွေရံဖစ်စေ အကုန်သာတူညီမျှ သူ့လူတွေချည်းမို့ ခွဲခြားဆက်ဆံခြင်းမရှိတဲ့ သခင်လေးကျင်းရှောင်ကိုနန်းဆောင်ကြီးတခုလုံးကအရမ်းချစ်ကြတာမို့ သခင်ငယ်လေးနဲ့ဆော့ကစားရတာကပဲသူတို့ရဲ့ဂုဏ်ကိုတက်ပီးပျော်ရွင်စေနေပီး ကစားပွဲစပီးတဲ့အခါ ဘောလုံးကို သခင်ငယ်လေးထိန်းဆော့နိုင်ဖို့ အခွင့်ရေးတွေဖန်တီးပီး သခင်လေးရဲ့မြင်းဆီပို့ပေးလေ့ရှိကြတယ်...

ရောက်လာတဲ့ဘောလုံးကို ထူးကဲလှတဲ့မြင်းစီးစကေးတွေနဲ့ သူ့ရဲ့ပျော့ပြောင်းလှပတဲ့ကိုယ်ဟန်အနေထားကိုပေါင်းစပ်ပီး မြင်းပေါ်ကနေခါးတဝက်ထိတဇောင်းလျောချစီးလို့ ဘောလုံးကိုသယ်ကာ ပထမဆုံးဂိုးကို သွင်းပီးတဲ့နောက် အားပေးလက်ခုပ်သံတို့ညံလာပီး သူ့ရဲ့စိတ်တို့ပျော်ရွင်လာတော့တယ်...

ဒုတိယမြောက်ဂိုးကိုလဲ ကျင်းရှောင်ပဲသူ့တုတ်ကိုလှလှပပဝှေ့ယမ်းလို့ ငွေဖြူရောင်ဆံနွယ်တွေကလေအလွင့် ဝဲပျံနေပီး မြင်းရဲ့ဝမ်းဗိုက်အောက်ခိုကပ်လို့ သွင်းလိူက်တဲ့အချိန်မှာပဲ ပိုမိုအားတက်သွားတဲ့အသင်းသားတို့ရဲ့ ကြား ကျင်းရှောင်ရဲ့ဟန်ပန်က တကယ့်ကိုနေနတ်သားတပါးလို တောက်ပမြူးကြွနေတာမို့ လူတိုင်းရဲ့အကြည့်မလွဲနိုင်အောင်ဖစ်စေပြန်ပါတယ်...

ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ Where stories live. Discover now