(This part contain some mature content)
..........................
"ပေါင်ပေါင်း...ကို့ကိုရှာနေတာလား""အာ..မဟုတ်ပါဘူး..ဒီတိုင်း..မတွေ့လို့.."
"အို...ကို့ပေါင်ပေါင်းက ကိုခနလေးမရှိတာနဲ့မနေနိုင်တော့ဘူးပေါ့..လွမ်းနေတာလား"
"ရူးနေတာလား...အပြင်မှာအရှက်မရှိ..သူများတွေကြားသွားရင်ဘယ်လိုလုပ်မလဲ.."
"ကြားအောင်ကိုပြောတာ..ဒါမှကို့ကလေးကကို့ကိုဘယ်လောက်ချစ်ပီး ကိုကလဲဘယ်လောက်တောင်ချစ်ပါတယ်ဆိုတာ သိကြမှာပေါ့..."
"ထားလိုက်တော့..ခင်ဗျားနဲ့ပြိုင်မပြောတော့ဘူး..မယ်တော်ကခင်ဗျားကိုဝတ်စုံစမ်းဝတ်ကြည့်ခိုင်းနေလို့"
"ဟုတ်လား..ဒါဆိုသွားမယ်လေ..လာ"
"ကွကိုသွားမယ်. ..လက်လွတ်ဦး"
"လွတ်ချင်ဘူး.."
ဒီလူဘာတွေစားလို့ဒီလောက်အားသန်တာလဲ..ငါ့ထက်လူကောင်လဲကြီးတယ်အားလဲသန်တယ်အသက်လဲကြီးတယ်...ကျစ်..စိတ်ရှုပ်စရာကြီး..အဲ့လိုသန်နေရင် ငါကဘယ်လိုအနိုင်ကျင့်လို့ရတော့မှာလဲလို့...
ကော့ပါးသောင်မျိူးနွယ်စုသခင်မကြီး၏စံနန်းတော်သို့အရောက် သူတို့နှစ်ဦးအတွက်ချုပ်လုပ်ပေးထားတဲ့မင်္ဂလာဝတ်စုံကို အစမ်းဝတ်ကြည့်ဖို့ပြောပေမယ့် အကြံစည်ရှိတဲ့ထျန်းရှန်က မင်္ဂလာပွဲမှဝတ်စေမယ် အဆင်ပြေပါတယ်..နောက်ကျင်းရှောင်ရဲ့ဝတ်စုံကအဆောင်မှာကျန်ခဲ့တယ်လို့ အကြောင်းပြလို့ သူတို့အဆောင်ရှိရာသို့သုတ်ခြေတင်ပြန်လာတော့တယ်...
"ဘာတွေလောနေတာလဲ..ဖြည်းဖြည်းသွားလို့.."
"ကိုတို့မင်္ဂလာဝတ်စုံစမ်းဝတ်ကြည့်ရမှာ..ကိုမစောင့်နိုင်တော့ဘူး.."
"အန်..ပြောတော့ ပွဲကျမှတခါထဲစမ်းတော့မယ်ဆို..."
"ဒါကဒီလိုရှိတယ်.."
ပြောပီး စကားများနေတဲ့ကလေးကိုပွေ့ချီပီး အရှိန်တင်လိုက်တော့ ကြောက်လန့်တကြားသူ့လည်ပင်းဖက်လိုက်တဲ့ကလေးကြောင့် ပျားရည်အိုးမှောက်သကဲ့သို့ချိုမြစွာပြုံးလိုက်ပီး မွေးပျံ့နေတဲ့ကျင်းရှောင်ရဲ့ကိုယ်သင်းနံ့လေးကိုတဝရှူလို့ အမြန်အဆောင်ဆီပြေးတော့တယ်...နောက်ကကျန်ခဲ့တဲ့ချန်းမင်နဲ့ယန်ပင်းကတော့ အလိုက်သိစွာပဲ ကျန်တဲ့ကိုယ်ရံတော်တွေနဲ့ ကျန်ခဲ့ပါလေရော...
YOU ARE READING
ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ
Romanceရှေးဟောင်းနယ်မြေတခုတွင် တည်ရှိနေသော လူမျိူးစုနှစ်ခု ချစ်ကြည်ရေးအတွက် လက်ထပ်ထိမ်းမြားပွဲကို စီစဥ်ပီးနောက် လက်ထပ်ရမယ့်သတို့သမီးဖစ်သူ ထွက်ပြေးသွားသဖြင့် သတို့သမီး၏ မောင်ဖစ်သူမှ အစားထိုးဝင်ရောက်ရပီး လက်ထပ်ရသောအခါ... နဂို ကလေးမချစ်တတ်သောGong ကြီးမှ ကလေးအ...