part 23

324 10 0
                                    

ကျင်းရှောင်အဖို့..နန်းဆောင်ကဲ့သို့ကြီးမားကျယ်ပြန့်ကာ စိမ်းသက်သည့်နေရာတွင်နေရသည်မှာ ပထမဆုံးမို့ ပို၍ပင်အထီးကျန်ပီး စိတ်အားငယ်မိနေသည်မှာအမှန်..သို့သော်လည်း ထျန်းရှန်ကိုပြောပြကာ သူ့နားနေဖို့ကျလဲ မပြောချင်ပေ...
'အလိုက်ကန်းဆိုးမသိတဲ့လူကြီး..သူများကိုအသားယူဖို့ကျတခါမှခွင့်မတောင်းပဲ..အခုမှသူ့နန်းဆောင်သူဝင်လာဖို့ကို ခွင့်တောင်းနေသေးတယ်..မုန်းဖို့ကောင်းလိုက်တာ'

လီဟန်းမျိူးနွယ်စုတွင် သူကြီးပျင်းလာစဥ်က မျိူးနွယ်စုက​သေးငယ်သည်မို့ လူတိုင်းနှင့်သူခင်မင်၏ တွယ်တာ၏ သူ့အားနွေးထွေးလုံခြုံစေ၏.. ဤနန်းဆောင်ကြီးလဲ သူ့အပေါ်ဖော်ရွေပေမယ့် အိမ်နှင့်တူသည့်အရာဟူ၍မရှိ..သူ၏မသိစိတ်ထဲအားကိုးမိနေသည့် ထျန်းရှန်ကလဲ သူ့အားဒီနန်းဆောင်ထဲပို့ပီး ပြန်ကိုမလာ..လမ်းတလျောက်လဲထူးဆန်းသည့်အကြည့်တို့ကိုခံစားရပီး သူ့အားထျန်းရှန်၏သတိူ့သမီးဖစ်သူဟူ၍ အကြီးကဲနှင့်သူ့မိဘများသာရှိလိမ့်မည်ထင်သည်...
'ထျန်းရှန်က ငါ့ကိုသူ့ရဲ့သတို့သမီးအဖစ်မိတ်ဆက်ပေးရမှာ ရှက်လို့များလား...ကော့ပါးသောင်ရဲ့ဆက်ခံသူက ​ယောကျာ်းတယောက်နဲ့ယူရမှာမို့ ငါ့ကိုမိတ်မဆက်ပေးချင်တာများလား..ငါ့ကိုလူမသိမှ သူနောက်အခါမိန်းမယူရင်ပိုလွယ်ကူအောင်လို့လား...'

ထျန်းရှန်ရဲ့မိဘတွေကသူ့ကိုကြည်ဖြူပေမယ့်..တကယ်လို့သူ့တို့သားသာ တချိန်ကျမိန်းမယူချင်တယ်ဆို...သူ့မိဘတွေကသူ့သားကိုလိုက်လျောကြမှာပဲ...
'အား....လူဆိုးကောင်ကြီး'

သိသိသာသာကိုဝမ်းနည်းသိမ်ငယ်လာရပါသောစိတ် အထီးကျန်ကာ အိမ်လွမ်းစိတ်နှင့် တပတ်ကျော်ကျော် ၁၀ရက်နီးပါးကြာခဲ့သောခရီးပန်းမှုကြောင့် မသိလိုက်စွာ ပါးပြင်ပေါ်ကျလာသောမျက်ရည်တို့အားမုန်းတီးစွာသုတ်၍ ကျင်းရှောင် အားငယ်စွာဖြင့်ပင် အိပ်ပျော်သွားပါတော့၏...

ထျန်းရှန် သူ၏ကလေးမှမဝင်ခိုင်းသော်လည်း ကိစ္စများပီးသည့်နောက် အဆောင်တွင်း ခိုးဝင်လာခဲ့ပီး ကျင်းရှောင်အိပ်ယာနားကပ်လာချိန် သူ၏ကလေးပါးပြင်ပေါ်မှမခြောက်သေးသည့်မျက်ရည်စများကြောင့် သူ၏ကမ္ဘာပျက်မတတ် အသက်ရှူပင်ကျပ်သွားချေ၏...
'ပေါင်ပေ့...ဘာလို့ငိုသွားတာလဲ...ငါဘာလုပ်မိလိုက်လဲ..စဥ်းစားစမ်း..သုန့်ထျန်းရှန် မင်းမကောင်းတဲ့ကောင်...ကလေးကိုငိုအောင်လုပ်တယ်..သေသင့်တယ်..'

ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ Where stories live. Discover now