part 9

457 24 0
                                    

ရှေးဟောင်းနယ်မြေကြီးတနေရာ၌ တည်ရှိနေသော နောက်လူမျိူးနွယ်စုကြီးတခုဖစ်သည့် ဟုန်ရင်းချောင်တောင်ပေါ်မျိူးနွယ်စုမှာ ကော့ပါးသောင်မျိူးနွယ်စုကဲ့သို့ အင်အားကြီးမျိူးနွယ်စုတခုဖစ်သော်ငြား ယှဥ်ပြိုင်တိုက်ခိုက်ခြင်း နှင့် အာဏာမက်မောသူများ များသောကြောင့် မျိူးနွယ်စုမှာ ကြီးမားတောင့်တင်းသော်ငြား စည်းလုံးမှုမရှိ... တဦးနှင့်တဦးအကွက်ချောင်းကာ တိုက်ခိုက်နေကြသည့်သူများဖစ်ကြလေသည်။
သိူ့အတွက်ပင် ကော့ပါးသောင်ကဲ့သို့သော သစ္စာရှိအကြီးကဲများနောက်လိုက်များစစ်သည်များပြည့်နှက်နေသည့် လူမျိူးစုကို မယှဥ်နိုင်သည်မှာ မဆန်းပေ။

ထိုဟုန်ရင်းချောင်သည်လည်း အင်အားကြီးသော်ငြား မျိူးဆက်သစ်မမွေးဖွားနိုင်သည့်အကြောင်းရင်းကြောင့်ပင် မျိူးနွယ်စုအတွင်းအခက်တွေ့နေကြရပီး ထိုမျိူးနွယ်ရှိ အမျိူးသမီးများမှာ အနိုင်ကျင့်စော်ကားခံရခြင်းတို့အပြင် အပုတ်ချခံရခြင်းတို့ကို ခံစားနေရပီး တနေ့ထက်တနေ့ ဖိနိပ်ချုပ်ချယ်ခံနေကြရသည်မို့ မျိူးနွယ်စုတွင်း မုန်တိုင်းထန်လျက်ရှိလေပေသည်။ အာဏာမက်သည့်လူအများကြား မျိူးဆက်သစ်ရှိသူနှင့်မရှိသူသည် ခွဲခြားဆက်ဆံခံရကာ ယှဥ်ပြိုင်မှုများကလဲ တစထက်တစ အရှိန်ဟုန်ပြင်းလာလေသည်။

ဟုန့်စစ်ထျင်း... ဟုန်ရင်းချောင်မျိူးနွယ်စုသခင်၏ တတိယမြောက်သား ဖစ်သူ...အကြီးဆုံးသားမဟုတ်၍ ဆက်ခံသူမဖစ်ရခြင်းအပေါ် အကောင်းမမြင်စွာဖြင့် သဘာဝကျစွာ ဆက်ခံသူအကိုကြီးနှင့်အကိုလတ်အား ဆန့်ကျင်မှုများစွာပြုလုပ်လေ့ရှိသည်။ မွေးချင်းညီအကိုစင်စစ်ဖစ်သော်ငြား သူ၏အသက်ငယ်ရွယ်မှုအပေါ်သူ များစွာစိတ်ပျက်ရပီး ဆက်ခံသူဖစ်ဖို့သာ အာရုံထား၏။

ယခုဖစ်ပေါ်နေသောယှဥ်ပြိုင်မှုများအကြား သွေးသားရင်းချာ နောင်လာနောင်သားမျိူးဆက်သစ်တဦးဦး သူ့တွင်ရှိပါက သူသည်ဆက်ခံသူဖစ်ရန်အလားလာပိုရှိလာနိုင်သည်မို့...လီအန်းမျိူးနွယ်စုအကြောင်း သူလျှိုလွတ်ကာ စုံစမ်းနေသည်မှာ ကြာမြင့်နေလေပီပင်။ မျိူးနွယ်စုတိုင်းရင်ဆိုငိနေရသည့် ပြဿနာမို့ သူတို့သည်လည်း လီအန်းမှသတို့သမီးတောင်းဆိုရန် လူများနှင့်လက်ဆောင်များစေလွတ်သော်ငြား အကျိိူးမထူးခဲ့။ ထိုသို့ဖစ်ရခြင်းမှာ အမျိူးသမီးများကို သားဖွားအရာဝတ္ထုတခုကဲ့သို့ဆက်ဆံတတ်သော မျိူးနွယ်စုများကြောင့်ပင်ဖစ်ပီး သူတို့သည်လည်း ထိုလူစားထဲကတခုပင်။ထို့ကြောင့် လီအန်းမှ သူတို့နှင့်လက်ဆက်မိတ်ဖွဲ့ရန် ငြင်းဆန်သည်မှာမထူးဆန်းသော်ငြား...စစ်ထျင်းအတွက်တော့ ဒေါသထွက်စရာသာ...

ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ Where stories live. Discover now