part 25

300 8 0
                                    

မင်္ဂလာပွဲမစခင် ၅ရက်အလို...

"သခင်လေး..ကျနော်ဝင်လာမယ်နော်.."

"အွန်း...ချန်းမင်...လာလေ"

"ဒါကသခင်လေး မင်္ဂလာဝတ်စုံ..တန်မတန်စမ်းကြည့်ကြည့်ပါလား..."

"ထျန်းရှန်ကောဘယ်မှာလဲသိလား.."

"သခင်ထျန်းရှန်က နန်းဆောင်ပြင်ခနထွက်သွားတာမို့ ပြန်လာတာနဲ့သခင်လေးဆီလာပါလိမ့်မယ်...ဘာလဲ..မတွေ့ရတာတမနက်ပဲရှိသေးတာ လွမ်းနေပီလား.."

"လွမ်းစရာလား...နေ့တိုင်းကပ်နေတဲ့လူကြီးက ပျောက်နေလို့မေးကြည့်ရုံပါနော်..."

"ဟားဟား...ဟုတ်ပါပီဗျာ..ဒါစမ်းဝတ်ကြည့်မလားသခင်လေး.."

"အင်ဟင့်...နောက်မှပဲ..."

နီရဲတောက်ပနေတဲ့ပိုးသားနဲ့ချုပ်လုပ်ထားတဲ့ဒီမင်္ဂလာဝတ်စုံက အရမ်းကိုတန်ဖိုးကြီးနူးညံ့လှတဲ့ပိတ်စကိုအသုံးပြုထားမှန်းသိသာလှစေတယ်..တခုချင်းစီကိုအနုစိတ်ကနုတ်ဖော်ထားပီး မဝတ်ကြည့်ရသေးတောင်ဒီဟာက သူ့အတွက်ထျန်းရှန်ကိုယ်တိုင်ရွေးပေးထားတဲ့အဝတ်မှန်းသိသာစေတယ်..သူ့ချည်းဝတ်ကြည့်လို့မကောင်းဘူးထင်တာပဲ...ထျန်းရှန်လာမှပဲဝတ်တော့မယ်...

အဲ့တာပြောလို့..သူ သခင်မကြီးဆီသွားလည်ရဦးမှာပဲ...သူ့ယောက်မခဖစ်မယ့်သူက သူ့ကိုနေ့တိုင်းဆင့်ခေါ်ပီးကော့ပါးသောင်တဝိုက်နန်းဆောင်တဝိုက်နဲ့သူသိဖို့လိုအပ်တဲ့ အနောက်နန်းဆောင်နဲ့နန်းတွင်းအုပ်ချုပ်ရေးစနစ်ကိုသင်ကြားပေးနေတာမို့ ထျန်းရှန်မရှိတိုင်းသူ သခင်မကြီးနားပဲနေဖစ်တယ်...

အစက ရောက်တာနဲ့တန်းလက်ထပ်ချင်နေတဲ့လူက ဘာစိတ်ကူးပေါက်ပီး မင်္ဂလာပွဲကိုနောက်ရွေ့လိုက်လဲမသိပေမယ့်..သူ့အနေနဲ့လဲ လောစရာအကြောင်းမရှိတာမို့ နန်းတော်အကြောင်းပိုသိအောင်အချိန်ရတယ်ပဲမှတ်လိုက်တာပေါ့..ဒါပေမဲ့တခြားမှာအပျော်ရှာနေတယ်ဆိုလို့ကတော့...ဒီလူကြီး...ပြန်လာပစေဦး...အသေသတ်ပစ်ဦးမယ်...

တွေးရင်းနဲ့ချန်းမင်နဲ့အတူ သခင်မကြီးဆီရောက်လာပါလေရော...ကျင်းရှောင်မသိသေးတာက သူနန်းဆောင်အတွင်းမှာရှိနေတာတောင် သူ့နောက်မှာ အရိပ်တပ်ဖွဲ့တခုရှိနေပီး သူ့ကိုမသိအောင်လိုက်လံစောင့်ရှောက်ပေးနေတယ်ဆိုတာပါပဲ..ဒါကထျန်းရှန်ရဲ့စီမံပေးမှုဖစ်ပီး ကျင်းရှောင်နန်းတော်ထဲလိုလေသေးမရှိနေရအောင် လုံခြုံရေးကအစ အစစအရာရာစီမံပေးထားပီးမှ သူအပြင်သွားတယ်ဆိုတာကိုပေါ့...

ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ Where stories live. Discover now