part 16

353 17 0
                                    

လွန်ခဲ့သော ၈ နှစ်ခန့်...ပြင်းထန်လှသည့် တိုက်ပွဲတခုအတွင်း..ဆယ်ကျော်သက်အရွယ်ကောင်လေးတဦး..သူ၏ ဒဏ်ရာရနေသောပုခုံးအားဖိ၍ သွေးတိတ်အောင်ကြိူးစားနေပီး အရှေ့တွင်တိုက်ခ်ိုက်နေသော သူများထံမှပုန်းကွယ်ထွက်ပြေးလာပီး..မြစ်ရိုးတလျောက်ပြေးလာပီး..တော်တော်ဝေးလာသော်လည်း သွေးထွက်လွန်မှုကြောင့် မူးဝေလဲကျသွားလေ၏..

အချိန်တခုကြာသောအခါ သူ၏ဘေး၌ ကျောက်စိမ်းကဲ့သို့ဖြူစင်လှသော မျက်နှာဖောင်းဖောင်းလေးတခုက သူ့အား ငေးမောကြည့်နေရာမှ သူသတိရသည်ကိုမြင်ပီးနောက်...

"မမ...မမ..ကိုကိုသတိရလာပီ့.."

ဝကစ်နေသောမျက်နှာဖောင်းဖောင်းပိစိလေးက..ပျော်ရွင်မှုကြောင့် နေမင်းသေးသေးလေးနဲ့ပင်တူနေပီး..သေးငယ်သည့်အသံလေးက သူ့ကိုအပြည့်ဝနိုးထလာစေ၏...

"မင်းကဘယ်သူလဲ..."
သူထိုကလေးအားမေးခိုက် တဲထဲသို့မိန်းမပျိုတဦးဝင်လာပီး..

"အိုး..နိုးလာပီပဲ..ဘယ်လိုနေသေးလဲ.." တဲထဲသို့ဝင်လာသော မိန်းမပျိုက သူ့အားမေးလိုက်၏...

"သက်သာပါတယ်...ကျေးဇူး..အခုဘယ်ကိုရောက်နေတာလဲ."

"အာဟူလူချောင်းအရှေ့ကတဲ...မင်းချောင်းဘေးမှာသတိလစ်နေလို့..တို့ဒီကိုခနခေါ်လာတာ..မင်းတိုက်ခိုက်ခံခဲ့ရတာလား.."

"အာ..ဟုတ်တယ်..ကျနော်တို့ကုန်တွေဝယ်ပီးပြန်လာတော့ တောပုန်းသူပုန်တွေနဲ့တွေ့ခဲ့တာ.."

"အဲ့လိုကိုး...အခုတလောသူပုန်တွေဆိုးနေတာ..မျိူးနွယ်စုတွေကလည်းဒီဟာကိုဖြေရှင်းဖို့ကြိူးစားနေကြတာပဲ"

"ဟုတ်မယ်..ကျနော့်ကိုကယ်ပေးတဲ့အတွက်ကျေးဇူးပါ..ဒီကမိန်းကလေးရဲ့နာမည်လေးသိပါရစေ.."

"အဟင်း..ဒီကသခင်လေးကို ကျမအရင်တွေ့တာမဟုတ်ဘူး..အားကျင်းကအရင်တွေ့ပီး ကျမကိုလာခေါ်ပြတာဆိုတော့ အားကျင်းကိုပဲကျေးဇူးတင်သင့်တာ..ကျမနာမည်က အားရှန်း..သူကအားကျင်း..."

"အော်..ညီအမတွေလား.."

ထိုမိန်းမပျိုဖစ်သူမှ ခနငြိမ်နေပီးနောက်မှ..

ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ Where stories live. Discover now