part 22

335 10 0
                                    

ထျန်းရှန်...တကယ်ကိုအူတွေတိုနေပါ၏...အဲ့လိုမှန်းသိရင် သူ့ကလေးကို လက်ထပ်ပီးမှ လီဟန်းဆီကမျက်နှာအုပ်ပီးခေါ်ထုတ်လာခဲ့ရမှာ..ယခုသူ့နန်းဆောင်သွားရာလမ်းမတလျောက် အမျိူးမျိူးသောလူတို့၏အကြည့်များက သူ့ဆီထက် ကလေးဆီသို့သာ ဝဲနေသဖြင့် အရှေ့မှကာဆီးလိုက်ဘေးကကွယ်လိုက် လက်ကြားထဲထည့်ထားရလိုက်ဖြင့်..သူ့ကလေး၏ မကြည်ကြည့်ကိုလဲရလိုက်သောကြောင့် အဆင်တွေပြေမနေတော့...

"ခင်ဗျားဘာဖစ်နေတာလဲလို့..ကောင်းကောင်းလျောက်လေ"

"ဘာမှမဖစ်ဘူး..."
ဟုတ်တယ်လေ..သူ့ကလေးကဒီကော့ပါးသောင်ကြီးတခုလုံးရဲ့ အလှနတ်မိမယ်တွေစုဝေးတဲ့ နန်းဆောင်လိုနေရာမှာလာပီး သူတို့တွေထက်ကိုလှပချောမောနေတော့ လူတိုင်းလိုက်ကြည့်နေတာ သူမနာလိုဖစ်လို့အူတိုလို့ဆိုတာကို တိုက်ရိုက်တော့မပြောပြချင်ပေါင်...လက်ထပ်ပီးမှ ဒင်းတို့ကို ပိုင်ရှင်သေချာပြထားရမယ်...

ထျန်းရှန်တို့၏မျိူးနွယ်စုတွင်မျိူးနွယ်စုငယ်ပေါင်းနှင့် အခြားခေါင်းဆောင်ပေါင်းများစွာလဲရှိသဖြင့် လက်ထပ်ပွဲကိုသိကြသော်လည်း..ကျင်းရှောင်နှင့်ဟူ၍သိထားသူမှာ အကြီးကဲများနှင့်သူ့မိဘတွေသာရှိသေးတာမို့ လက်ထပ်ပွဲကျမှ ကျင်းရှောင်ကို ထုတ်ဖော်မိတ်ဆက်ရမည်ဖစ်ပီး..ယခုလူအပေါင်းအမြင်၌ ကျင်းရှောင်မှာမူ သခင်လေးထျန်းရှန်၏ သူငယ်ချင်းဖစ်မည်လော ဘယ်သူဖစ်မည်နည်းဟု တွေးကာ ငမ်းကြသူမနည်း...

"ဝေ့..ကြည့်ကြည့် သခင်လေးဘေးက ဘယ်သူလဲမသိပု့ ချောလိုက်တာ"

"ဟုတ်ပဟုတ်ပ...အသားရည်ကငါတို့ထက်တောင်ကောင်းသေး"

"အဟမ်းဟမ်း..အစကတော့သခင်ထျန်းရှန်က အချောဆုံးပါဆို"

"အဲ့တာ ဒီကသခင်ငယ်လေးကိုမတွေ့ရသေးတုန်းက..ငါ ပန်းတိုင်ပြောင်းသွားပီ.."

"အံ့ပအေ...ဟိုကနင့်ကိုတောင်မသိဘဲနဲ့..ဟားဟား"

ကျွတ်စိထိုးနေသော ချီးကျူးမှုများအကြား ကျင်းရှောင်အဖို့ ဘယ်လိုမှမနေသော်လည်း..ထျန်းရှန်အဖို့ ကျွဲမီးတိုလွန်းကာ မျက်စောင်းနီဖြင့်ကြည့်၍ သူ၏အပိုင်ဟုပြချင်သော်ငြား..ကလေးလေးက အပြင်တွင်အဖက်မခံ..ခုနကတဲကသူ့ကိုမျက်စိနှောက်နေသဖြင့် သူ့ကိုစိတ်ဆိုးနေသည်လားမသိသည့်အမူရာတမျိူးကြောင့် မျက်လုံးထွက်ကျမတတ် ထိုသူများကိုကြည့်ကာ သတိပေး၍ အေးစက်သောအရှိန်ဝါကိုချိတ်ဆွဲ၍ အဆောင်သို့သာ သုတ်ခြေတင်သွားနေလေတော့သည်...

ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ Where stories live. Discover now