ကော့ပါးသောင်၏ ညီလာခံကျင်းပရာနှင့် အကြီးကဲတို့စုဝေးရာ နန်းမဆောင်ကြီးတွင် ကနာမငြိမ် ဟိုလျောက်ဒီလျောက် အပေါက်ဝသို့တမျှော်မျှော်ဖစ်နေသူကား...ကော့ပါးသောင်၏အုပ်ချုပ်သူအရှင်သခင် သုန့်ဝမ်ဟောက်နဲ့ သူ့ရဲ့ကြင်ယာတော်မိဖုရား ချိူးဝမ်ဝမ် ရယ်ပါ...
အရင်ရက်တွေကတဲက သူတို့၏ချွေးမလောင်း..အဲ့ သမက်ချွေးမလောင်းလျာကို ခေါ်ပြန်လာပီဟူ၍ ဝမ်းသာအားရကြိုဆိုရန် ပြင်ဆင်ပီးစောင့်နေသော်ငြား...လမ်းတွင်ဓားမြများနှင့်တွေ့ပီး ဖျားသွားသည့် နုနယ်သည့်ချွေးမလောင်းလေးအား စိတ်ပူကာ နန်းတော်သို့မရောက်မချင်း သစ်ကုလားအုတ်ကဲ့သို့တမျှော်မျှော်ဖစ်နေရသည်မှာ ၅ရက်တာမျှသာရှိသေးသော်လည်း သူတို့အဖို့၅လမက ကြာရှည်နေသလိုပင်..
လီဟန်းမျိူးနွယ်စု၏ အချစ်ခံအလိုလိုက်ခံ သခင်လေးငယ်လေးအား သူတို့၏သားမှဖူးဖူးမှုတ် ခေါင်းပေါ်ရွက်မထားရုံတမယ်ချစ်ပါသည်ဟု ကြားသိရသောအခါ..အစကမယုံကြ..သူတို့သားကား သစ်သားတုံးကြီးဖစ်သည်လေ...သူတို့သားတွင်သာနှလုံးသားရှိပါက သားဖစ်သူကိုလိုက်မေတ္တာမျှသူ နှစ်သက်ကာ သမီးရှင်ဖက်ကပင်လာရောက်တောင်းရမ်းသူတို့အား အကြိမ်ကြိမ် ပြစ်ပြစ်ခါခါငြင်းဆိုမောင်းထုတ်ခဲ့မည်မဟုတ်..သူတို့လဲမျက်နှာပူလှပါ၏..ဒီတသက်ချွေးမမှရပါဦးမလားဟု တွေး၍ ဒီတခါလီဟန်းမျိူးနွယ်စုကလူနှင့်မှမယူလျှင် ဒီအမေအိုဖအေအိုသေပါတော့မည်ဟု ချိန်းခြောက်မှသာ အင်တင်တင်ဖြင့်သဘောတူခဲ့ခြင်းပင်...
ထို့နောက် ဗြုန်းဆိုင်းကြီးယူခါနီးမှ ပေါ်လာသောဖူးစာရှင်က လီဟန်းမျိူးနွယ်စုသခင်လေးဖစ်သူဟုဆိုသဖြင့် သူတို့ဝမ်းသာလုံးဆို့ကာ ထမင်းပင်မစားနိုင်ကြ..သားဖစ်သူကကြိုက်မယ့်ကြိုက်တော့လဲယောကျာ်းလေးတယောက်မို့ မျိူးဆက်အတွက်စိတ်ပူမိရသော်လည်း..လီဟန်း၏သခင်လေးဆို၍ သူတို့အတွက် အသူရာကျနေရာမှ နတ်ပြည်သို့တမဟုတ်ချင်းထိုးတက်လာရသည့်ခံစားချက်ကိုရလိုက်သည်မို့...ဤမင်္ဂလာပွဲကိုပို၍လောရပါ၏...
သို့သော်...သားဖစ်သူ၏ရေခဲတုံးအမူယာမလှုပ်မယှက် သိုင်းပညာနှင့်အမဲလိုက်ခြင်းမှလွဲ၍ ဘာမှမသိတတ်သူက ချွေးမလောင်းအား တကယ်ပဲချစ်နှစ်သက်ပေးနိုင် ဂရုစိုက်ပေးနိုင်ပါ့မလားဟု စိတ်ပူ၍ လူယုံတဦးလွတ်၍စောင့်ကြည့်စေရာ သတင်းပို့စာ၌ သခင်လေးထျန်းရှန်ကား သူတို့သိသည့်သခင်လေးမဟုတ်တော့...အစေခံတဦးအဖစ်ပြောင်းလဲသွားသည်ဟုကြားရသဖြင့် ရယ်ချင်ပက်ကျိဖစ်သော်ငြား...စိတ်အေးသွားရပါ၏...
YOU ARE READING
ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ
Romanceရှေးဟောင်းနယ်မြေတခုတွင် တည်ရှိနေသော လူမျိူးစုနှစ်ခု ချစ်ကြည်ရေးအတွက် လက်ထပ်ထိမ်းမြားပွဲကို စီစဥ်ပီးနောက် လက်ထပ်ရမယ့်သတို့သမီးဖစ်သူ ထွက်ပြေးသွားသဖြင့် သတို့သမီး၏ မောင်ဖစ်သူမှ အစားထိုးဝင်ရောက်ရပီး လက်ထပ်ရသောအခါ... နဂို ကလေးမချစ်တတ်သောGong ကြီးမှ ကလေးအ...