"ဝါး....အိပ်လို့ကောင်းလိုက်တာ"
တဲသို့ဖြတ်ဝင်လာသော နေရောင်ခြည်နုနုလေးက ကျင်းရှောင်လေး၏ မျက်နှာနုနုပေါ်သို့ ကျရောက်နေသောကြောင့် ချွေးပေါက်လေးများပင်မမြင်ရတဲ့ထိ နုအွတ်သန့်ရှင်းသော မျက်နှာကြည်ကြည်လေးမှာ လူးလွန့် နိုးထလာလေသည်။"သခင်လေး..နိုးပီလား..ဒီမှာ မျက်နှာသစ်သန့်ရှင်းဖို့ရေပါ... ပီးတော့ သခင်လေးဖခင်က နိုးတာနဲ့ သူ့ဆီလာတွေ့ဖို့ပြောထားပါတယ်... "
"အွန်း...ငါသိပီ..မြန်မြန်လုပ်ပီးသွားကြတာပေါ့...ဗိုက်ဆာပီ့ ..ဟီး."
"တော်သေးတယ်...မဖျားလို့..မနေ့က သခင်လေး ဖျားတော့မယ်ထင်လို့ ဆေးပြင်ပီးယူလာပေးတာ အိပ်ပျော်နေလို့. ."
"အမယ်... ကျနော်က ကြံ့ခိုင်ပီးသားပါနော်... ဘောလုံးတပတ်လောက်ကန်ပီး နယ်မြေတပတ်လောက် မြင်းစီးလို့ရသေးတယ်..."
"အဟီး...ဟုတ်ပါပီခင်ဗျာ.. အခုတော့ ထပါတော့...အဝတ်လဲပီးသွားကြရအောင်ပါ..သခင်ကြီးက မနက်စာတူတူစားဖို့လဲစောင့်နေပါတယ်... "
"ကောင်းပီ..."
လီအန်းသခင်ကြီးကတော့ မနေ့ညကတဲ အိပ်မပျော်နိုင် သမီးဖစ်သူအားစိတ်ပူသကဲ့သို့ မျိူးနွယ်စုအားလဲစိတ်ပူနေရ၏။ သတို့သမီးမရှိသော မင်္ဂလာပွဲအား ဘယ်သူ့ကိုထည့်၍လုပ်ရပါမည်နည်း... မလုပ်ပါကလဲ ထိုကော့ပါးသောင်မျိူးနွယ်စုကြီးက စစ်တပ်အင်အားပါရှိသည်မို့ မဟာမိတ်ပျက်ပါကလဲ သူတို့မျိူးနွယ်စုကို စိတ်ဆိုးကာ သူတို့အားစော်ကားသည်ဟုထင်ပီး သိမ်းယူပါက ပြန်လည်တိုက်ခိုက်ရန်ကမူ လုံးဝမဖစ်နိုင်သည့်အရာ...
အကြီးကဲများလည်း စဉ်းစားရလွန်းသဖြင့် ခေါင်းမွှေးပြောင်တော့မည်... သူ၏သမီးကြောင့်ဖစ်သည်မို့ အားနာသော်ငြား အကြီးကဲများမှာ အပြစ်မတင် ကူညီကာနည်းလမ်းရှာနေကြသည်မို့ အားကိုးရသည့်လက်အောက်ငယ်သားများကိုကြည့်ကာ စိတ်လဲချမ်းသာရပါ၏။
"ပါပါး...ဘာတွေတွေးနေတာလဲ.. သားခေါ်နေတာကြာနေပီ့.. "
"ဟော..သားငယ်ရောက်ပီလား..လာထမင်းအရင်စားရအောင်... ပါပါးဒီနေ့ သားကြိုက်တဲ့ ဖက်ထုပ်လေးချက်ထားခိုင်းတယ်... စားကြည့်ကြည့်"
YOU ARE READING
ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ
Romanceရှေးဟောင်းနယ်မြေတခုတွင် တည်ရှိနေသော လူမျိူးစုနှစ်ခု ချစ်ကြည်ရေးအတွက် လက်ထပ်ထိမ်းမြားပွဲကို စီစဥ်ပီးနောက် လက်ထပ်ရမယ့်သတို့သမီးဖစ်သူ ထွက်ပြေးသွားသဖြင့် သတို့သမီး၏ မောင်ဖစ်သူမှ အစားထိုးဝင်ရောက်ရပီး လက်ထပ်ရသောအခါ... နဂို ကလေးမချစ်တတ်သောGong ကြီးမှ ကလေးအ...