part 13

409 20 0
                                    

"ကျေးဇူးတင်ပါတယ်....တကယ်ကျေးဇူးတင်ပါတယ်...ကို့ရှေ့ရောက်လာပေးလို့...ဘေးမသီရန်မခရှိနေပေးလို့...ကျေးဇူးတင်ပါတယ်.."

ထျန်းရှန်...ရုတ်ရုတ်သဲသဲလူတွေစုနေသောနေရာအားရောက်သွားခိုက်...ရင်းနှီးနေသည့်ကျောပြင်သေးသေးအားတွေ့၍ ဘာမှမစဥ်းစားနိုင်..ဆွဲယူကာရင်ခွင်ထဲထည့်သွင်းလိုက်တော့သည်။ သူဘယ်လောက်တောင် တုန်လှုပ်​နေခဲ့လဲသူပင်သိလိမ့်မည်...ရင်ခွင်ထဲထည့်ထားသည့်တိုင် သူ့စိတ်တို့ မတည်ငြိမ်နိုင်သေးသည်မို့ ပို၍တင်းကျပ်စွာပွေ့ဖက်ပီး ကြားလေပင်မတိုးနိုင်လောက်အောင် ဖက်ထားမိလေသည်။

စိတ်လှုပ်ရှားမှုကြောင့် သူ၏ နှလုံးမှာပါးစပ်မှပင်အန်ထွက်တော့မည်ဟုခံစားနေရသည်အထိ ဒီကလေးအားသူချစ်ပါ၏...အသက်ထက်ပင်ချစ်ရသည်...ကျင်းရှောင်သာ သူ့အနားမရှိပါက သူသေသွားနိုင်ကြောင်း ပြန်တွေ့သည့်အခိုက်ပင်သူနားလည်သွားပီမို့... ဒီတသက်မည်သည့်အရာများဖစ်ပျက်နေပါစေ...လီကျင်းရှောင်အား...သူသေသည်အထိလက်လွတ်မခံနိုင်...မြတ်နိုးလွန်းပါ၏ ချစ်ရလွန်း၍သေပင်သေနိုင်ပါ၏...

"အာ...ခင်ဗျား...ဘယ်လိုလုပ်ပီးဒိီကိုရောက်နေတာလဲ...ခန..အရင်လွတ်ပေးဦး...ကျနော်အသက်ရှူကျပ်နေပီ..."

ကျင်းရှောင်..သူ့အားအသက်ရှူရပ်မတတ် တင်းကျပ်စွာပွေ့ဖက်ထားသည့် လူကြီးကြောင့် မည်သူဆိုတာတန်းသိလိုက်ပါ၏...ထိုလူကြီး၏ပွေ့ဖက်မှုကိုခနခနခံရလွန်း၍မသိ..ခန္ဓာကိုယ်ကတန်းတုန့်ပြန်ကာ နှလုံးခုန်နှုန်းများပင် စတင်လည်ပတ်လာတော့သည်မို့...သူ၏ရင်ခုန်သံအားမရိပ်မိစေရန် ရုန်းကန်ထွက်ရတော့သည်။

ထျန်းရှန်...ရင်ခွင်ထဲမှ အသံချိုချိုလေးအားကြားမှသာ လက်ရှိသို့အသိဝင်လာပီး လက်အားလျော့ကာ တကိုယ်လုံးအားစစ်ဆေးကြည့်ရှုလေရာ သူ့ရင်ဘတ်အားတွန်းထားသောလက်ကောက်ဝတ်လေးမှာ နီသည်ထက်ညိုသည့်ဖက်ပင်သန်းနေသောကြောင့်... တရားခံဖစ်သူအားကြည့်လိုက်ရာ...

ခုနတင်က ...သေမတတ်ဖစ်နေသည့်ပူဆွေးနေသောမျက်ဝန်းများက လောကကြီးတခုလုံးကိုဖျက်ဆီးပစ်ချင်သည့် နတ်ဆိုး၏သွေးဆာသောမျက်ဝန်းများအဖစ် တမုတ်ဟုတ်ချင်းပြောင်းလဲသွားပီး...ကျင်းရှောင်၏လက်ကောက်ဝတ်အား ဆုပ်ကိုင်ခဲ့သောသူ၏လည်ပင်းအားလက်တဖက်ဖြင့်ဆုပ်ကိုင်ကာ မြောက်ယူလိုက်လေတော့သည်။

ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ Where stories live. Discover now