part10

437 23 0
                                    

ကျင်းရှောင် သူ့အားကြိူးတုတ်ကာ မြင်းပေါ်ကောက်တင်လိုက်သည့်လူများကြောင့် ရွံရှာကာ စက်စုပ်သည့်ခံစားချက်ကြောင့် လူးလွန့်နေ၏။

"ဟာကွာ...ဒီချစ်စရာသခင်လေးကအငြိမ်မနေနိုင်ဘူးပဲ...ဘာလဲ.. လင်ရတော့မယ့်အချိန်မှ အဖမ်းခံလိုက်ရလို့ စိတ်မကောင်းများဖစ်နေသလား..."

"ချီးကို စိတ်မကောင်းဖစ်..."

"ဟားဟား...လီအန်းသခင်ငယ်လေးက အစွာတူးလေးပဲ...စိတ်မပူပါနဲ့..သခင်လေးက လင်ရမှာပါ...လူတော့မတူပေမယ့်လို့..."

"မင်း ဘာတွေပြောနေတာလဲ...လူဆိုလူစကားပြောစမ်း "

"ဟားဟား...ပြောရမယ်ဆိုရင်တော့ ဒီက သခင်လေးက ကျုပ်တို့သခင်လေးစစ်ထျင်းရဲ့ မိန်းမဖစ်လာမှာလို့ပြောလိုက်တာလေ...သခင်လေးစစ်ထျင်းသာ မျိူးဆက်အရင်ရခဲ့ရင် ငါတို့တွေအတွက်အကုန်အခွင့်လမ်းကောင်းတွေရောက်လာလိမ့်မယ်..."

"အရေးမပါတာတွေပြောမနေနဲ့...ပါပါးသိရင်မင်းတို့လွယ်မယ်များထင်နေလား...နောက် ဘာထင်း. အဲ့ထင်းကောင်ကိုပြောလိုက်...ငါနဲ့လက်ဆက်မယ့်လူက သုန့်ထျန်းရှန်ဆိုတာကို..."

"ဟားဟား...ကြောက်လိုက်တာ...သခင်လေးရဲ့ချိန်းခြောက်မှုကကြီးမားလွန်းတော့...ကျုပ်တို့သခင်ကသာ မင်းကိုဖျက်ဆီးပီးမျိူးဆက်ယူပစ်ရင် အဲ့ကော့ပါးသောင်ကကောင်က မင်းကိုယူဦးမယ်များထင်နေလား...သခင်ကမျိူးဆက်ရပီး...မင်းကိုစွန့်ပစ်ရင်တော့ ကျုပ်တို့ကပဲအနစ်နာခံပီး ယူပေးမယ့်လူတွေပါ...လေးလေးစားစားဆက်ဆံသင့်တယ်နော်..."

"ချီးလိုပဲ...နေ့ခင်းလသာနေတဲ့ကောင်တွေ..." ကျင်းရှောင် မသိလိုက်ဘာသာဝမ်းနည်းသွားသောစိတ်အားပြန်တင်းမိလေသည်...
'တကယ်လို့သာ အဲ့လိုဖစိပီး အဲ့လူကြီးက ငါ့ကိုမကြည်ဖြူတော့ရင်ဘယ်လိုလုပ်မလဲ...အား...သူနဲ့မှမဆိုင်တာ...ဘာတွေတွေးနေတာလဲကျင်းရှောင်ရ.ပြေးဖို့သာကြံစမ်းဘာ...'

ဒီလိုနှင့်...ကျင်းရှောင်တ​ယောက် မြင်းပေါ်ကြိူးချည်ဝမ်းလျားမှောက်လိုက်လာရသည်မို့ မြီးညောင့်ရိုးအောင့်သည့်ထဲက ဗိုက်သားနုနုလေးများပါပွန်းပဲ့ရင်း ခရီးဆက်လာရသည်မှာနေ့တဝက်ကျိူးတော့မည်။

ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ Where stories live. Discover now