part 20

343 16 0
                                    

ကြောင်အကာ အိပ်ယာပေါ်လူးလိမ့်ပီးအိပ်မပျော်နိုင်သူက ကျင်းရှောင်ရယ်ပါ...အတိုင်းမသိခုန်နေတဲ့ရင်ဘတ်က သူ့သွေးကြောတွေကိုပါပြောင်းပြန်လှန်နေသလိုပဲ...နေရထိုင်ရခက်လွန်းတဲ့ခံစားချက်တမျိူးက သူ့ကိုယ်အနှံ့ပြန့်နှံ့နေပီး ဘေးနားမှာ ညတိုင်းရှိနေကျ ထျန်းရှန်ရဲ့ အငွေ့သက်နဲ့ သူ့ကိုဖက်သိပ်နေကျ လက်မောင်းမရှိတော့လို့များလား...သူအိပ်မရဘူး...
'ဒီလူကြီး...တကယ်ကြီးငါ့ကိုထားပီး သွားအိပ်ခဲ့တာလား...အားးးး'

စောင်ထဲမျက်နှာအပ် အသံတိတ်အော်ဟစ်လို့ မကျေမနပ်ဖစ်နေတဲ့ကျင်း​ရှောင်...သူဘာကိုမကျေနပ်နေလဲဆိုတာတောင်သူသေချာမသိဘူး...ဒါပေမဲ့ သေချာတာတော့ သူထျန်းရှန်မရှိပဲ အိပ်မပျော်တော့ဘူး...တညလုံးလူးလိမ့်နေပီး မနက်မိုးလင်းခါနီးလေးမှ ကျိန်းစပ်နေတဲ့မျက်ဝန်းနဲ့ မှေးခနဲခနအိပ်ပျော်သွားပါလေရော...

မနက်လင်းတော့ အပြင်ကလှုပ်ရှားမှုအသံတွေကြောင့် တန်းပြန်နိုးလာပီး ထလို့သူလုပ်စရာရှိတာလုပ်သန့်ရှင်းပီး အဝတ်လှဲနေတုန်း အခန်းပြင်ကအသံပေးပီး ဝင်လာတဲ့လူကြီး...
'ဟွန့်...ကြည်လင်ပီးခန့်ညားလွန်းတဲ့မျက်နှာက ဘယ်သူ့ကိုပြမလို့ ဒီလောက်ကြည့်ကောင်းနေရတာလဲ'

အိပ်ရေးမဝတာနဲ့ သူ့ဘာသာစိတ်မကြည်တိုင်းသူများကို ကြည့်မရတာနဲ့ ကျင်းရှောင် ဘာစကားမှမဆိုဖစ်..သူတခွန်းမဆိုရင်မဆိုသလိုပဲ...အဲ့လူကြီးကလဲဘာမှမပြောလာဘူး...လုပ်ပေးစရာရှိတာလုပ်ပေးပီး အထုပ်တွေအကုန်သူပဲသိမ်းဆည်းသယ်ဆောင်ပီး သူ့ရဲ့ခြေထောက်ကို ရေပတ်ဝတ်လေးနဲ့ညင်သာစွာသုတ်လို့ ခြေထောက်ကိုနွေးအောင်လုပ်ကာ ခြေအိတ်ဖြူလေးစွပ်ပေးပီး ဖိနပ်ပါတခါထဲစီးပေးထားတယ်...နောက် သူ့ကိုခုံပေါ်မှာထိုင်စေပီး မနက်စာယူလာပေးတဲ့ချန်းမင်စီကို ဘာသွားပြောတယ်မသိဘူး...ချန်းမင်ထွက်သွားပီးတဲ့နောက်ထိ စကားတခွန်းမှမဆိုသေးဘူး...မနက်စာဖစ်တဲ့ ငါးဆန်ပြုတ်ပူပူလေးနဲ့ ပေါက်စီလေးတွေကိုသေးသေးလေးဖဲ့ပေးပီး ဆန်ပြုတ်ကိုအနည်းငယ်အအေးခံမှုတ်နေပီးမှ သူ့ဖက်ကိုထိုးပေးပီး..သူ့ဘာသာတိတ်ဆိတ်စွာ စားသောက်နေတယ်...
'ငါကစိတ်ကောက်ရမှာလေ...ဘာလို့ငါ့ကိိုစိတ်ကောက်နေတယ်လို့ခံစားနေရတာလဲ...လုပ်ချင်တာလုပ်ပီး မသိချင်ဟန်ဆောင်နေတဲ့လူကြီး  ...ဟွန့်'

ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ Where stories live. Discover now