ဖူးယောင်နေသောနှုတ်ခမ်းဖောင်းဖောင်းလေးကို ဆူ၍သူ့အားစိတ်ကောက်သွားပါသော ကျင်းအာလေးကအရမ်းကိုချစ်ဖို့ကောင်းနေလို့ ထပ်မနမ်းမိအောင် အတင်းအကြည့်လွဲပီး... ရွှေစိတ်တော်မညိုစေဖို့ သူ့ကလေးလေးအကြိုက်ဟင်းလျာတွေစီမံပီး လာပို့ပေးပီးတဲ့နောက်...
"ပေါင်ပေါင်း...ဘာစားချင်သေးလဲ..ပြော..ကိုအကုန်ရအောင်ယူလာပေးမယ်"
"မလိုတော့ဘူး...ခင်ဗျားမျိူးနွယ်စုစားသောက်ပွဲခင်းကျင်းထားတာလား..ဒီလောက်များတဲ့ဟင်းတွေဘယ်လိုလုပ်စားကုန်မှာလဲလို့..."
"မကုန်ရင်ကုန်သလောက်စားပေါ့ ပေါင်ပေါင်းကြိုက်တာလေးတွေကော ဒီကအစားစာတွေကောတခါထဲပြင်ထားပေးတာ..စားကြည့်ကြည့်.."
ကျင်းရှောင်ပြောရရင်လွန်တော့မည်...လူ၅ယောက်ဝိုင်းထိုင်လို့ရသည့်စားပွဲကြီးအပြည့်တည်ခင်းထားသည့် ဟင်းလျာပေါင်းခွက်ပေါင်းမနည်းမနောကို သူ့တယောက်ထဲအတွက်စီစဉ်ထားပီး ဘေးကနေအစေခံတောင်မလို..အရိုးထွင်လိုက်အသားနွာလိုက် သူ့ပန်းကန်ထဲထည့်လိုက်နဲ့..ဟင်းတွေကပန်းကန်ထဲတောင်လိုမို့တက်နေပီ...ဒါတောင်မရပ်သေး ထပ်ယူလာနေဆဲ...ဒါပေမဲ့လဲ..
သူ့အတွက်လုပ်ပေးထားဆိုတော့လဲ..စားလိုက်ပါမယ်လေ...စားနေရင်း အရှေ့ဖက်ပြတင်းပေါက်ကနေမြင်နေရတဲ့အဆောင်ကိုကြည့်လိုက်တော့...ရုပ်သေးပြဇာတ်လေးကပြနေတယ်...အာ..ဒါသူအကြိုက်ဆုံးအရုပ်လေးတွေမလား...ဒါတွေဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ..သူမသယ်နိုင်လို့ထားခဲ့ရတဲ့အရုပ်လေးတွေ...
အတီးတချို့အဆိုတချို့နဲ့..ကပြနေတဲ့ရုပ်သေးလေးတွေက အလင်းရောင်အောက်ထင်ထင်ရှားရှား..သူကြိုက်တဲ့ပြဇာတ်ကိုပြနေတော့ စားနေရင်းသူပျော်လာခဲ့တယ်..ဒါကမျိူးနွယ်စုထဲမှာသူငယ်ငယ်က လူကြီးတွေစုပီးကလေးတွေအတွက် ဖျော်ဖြေပေးတဲ့ပုံပြင်ဇာတ်လေး သူ့အကြိုက်ဆုံးပြဇာတ်...
သူတို့ကပြပီးတဲ့နောက်...
ဘေးကိုလှည့်ကြည့်လိုက်တော့ သူ့ကိုလက်မေးထောက် ပြုံးပီးကြည့်နေတဲ့ ထျန်းရှန်က..."ပေါင်ပေါင်း...ကြိုက်လား"
"အွန်း...ကြိုက်တယ်"
YOU ARE READING
ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ
Romanceရှေးဟောင်းနယ်မြေတခုတွင် တည်ရှိနေသော လူမျိူးစုနှစ်ခု ချစ်ကြည်ရေးအတွက် လက်ထပ်ထိမ်းမြားပွဲကို စီစဥ်ပီးနောက် လက်ထပ်ရမယ့်သတို့သမီးဖစ်သူ ထွက်ပြေးသွားသဖြင့် သတို့သမီး၏ မောင်ဖစ်သူမှ အစားထိုးဝင်ရောက်ရပီး လက်ထပ်ရသောအခါ... နဂို ကလေးမချစ်တတ်သောGong ကြီးမှ ကလေးအ...