part 11

423 23 0
                                    

စစ်ထျင်း နှင့်နောက်လိုက်တစု တောထဲ အချက်ပြနေရာသို့ရောက်ခါနီးလေ ပိုမြန်ဆန်စွာ မြင်းများစီးနှင်းလာလေဖစ်ပီး... တနေရာအရောက် ​သစ်ပင်၏အနောက်မှ ပြေးထွက်လာသော လူတယောက်အားစစ်ထျင်း၏ မြင်းဖြင့်ဝင်တိုက်မိလေတော့သည်။

"ကျစ်...ဘယ်ကကောင်က မြင်းရှေ့မဆင်မခြင်ဖြတ်ပြေးတာတုန်း..."
စစ်ထျင်း..စိတ်ပျက်လက်ပျက်ဖြင့် နောက်လိုက်များအားသွားကြည့်ခိုင်းရန် ပြောမည်ဟုပြင်လိုက်သော်လည်း ငယ်ရွယ်သေးကွေးသောအရိပ်လေးမို့ ကလေးတယောက်လားဟုထင်မှတ်ကာ... ကိုယ်တိုင်ပင်ဆင်းကြည့်လိုက်လေ၏..။

ပုံ့ပုံ့လေးကျုံ့ကာ သတိလစ်လျက်ရှိသော ထိုကလေးသူငယ်ကားခေါင်းတွင် သွေးများထွက်လျက်ရှိပီး အဝတ်ဖြူဖြူလေးတို့မှာ စုတ်ပြတ်ကာစွန်းထင်းပေကျံလျက်ရှိသော်ငြား လှပသောကောက်ကြောင်းကိုတော့ ဖုံးမရစွာ ဖော်ပြနေလျက်ရှိ၏။

စစ်ထျင်း...ထိုကလေးအား သူ့ဖက်သို့မျက်နှာဆွဲလှည့်လိုက်ရာ...အလွန်ကလေးဆန်လှပလွန်းသောမျက်နှာဖြူဖြူလေးမှ သွေးများစီးကျနေပီး ဖျော့တော့နေသောနှုတ်ခမ်းဖူးလေးများအပေါ်တချို့တင်ကျန်နေလေရာ ဒဏ်ရာ ရနေသောနတ်သားတပါးကဲ့သို့ပင် လှပနေသေး၏။
စစ်ထျင်းအဖို့ အမျိူးမျိူးသော မိန်းမချောမိန်းမလှများစွာကို တွေ့ဖူးသော်ငြား ဤမျှလှပသော ယောကျာ်းလေးတဦးအားမမြင်တွေ့ဖူးချေ... ချောမောသည့်အပြင်ကလေးဆန်စွာချစ်စရာကောင်းလွန်းသည့်အပြင် နူးညံ့စွာမွှေးကြိုင်နေသောကိုယ်သင်းနံ့ဖျော့ဖျော့လေးကိုပင်သူ ရနံ့ခံ၍ရနေသည်ပင်...
' အာ...ဒီကလေး...က သူနဲ့တူလိုက်တာ...' ထိုသူဆိုလိုသော သူဆိုသည်မှာ....မည်သူဆိုတာ စစ်ထျင်းသာသိပေလိမ့်မည်။

မေ့မြောနေချိန်ပင် ညို့ယူဆွဲငင်နိုင်စွမ်းရှိနေလေသော ကျင်းရှောင်ကတော့ ကမ္ဘာကြီးနဲ့အဆက်ပြတ်ကာ... မည်သည်ကိုမှ မသိနိုင်... သူ့အားပွေ့ဖက်ချီယူလိုက်သည်ကိုလဲ မခံစားမိ။

နွေးထွေးအိစက်နေသောကိုယ်လုံးလေးအား စစ်ထျင်းပွေ့ချီလိုက်ချိန် လက်မှစ၍ တကိုယ်လုံးဓာတ်လိုက်သကဲ့သို့ ကျဥ်ထွက်သွားပီး ...သူ့နှလုံးသားများတုန်လှုပ်စွာ စည်းချက်များခုန်ကျော်လျက်ရှိနေလေတော့၏...
သူ၏ နောက်လိုက်များကတော့ သခင်ဖစ်သူအားကြည့်၍ နားမလည်နိုင်စွာ ချောင်းဟန့်၍ သခင်ပွေ့ချီလာသော ကလေးအား ကြည့်လိုက်လေရာ...
'မြတ်စွာဗုဒ္ဓ...ငါတို့သခင်လက်ထဲက လူသားလား နတ်ဘုရားလား...လှလိုက်တာ...လူသားတယောက်ဆိုဒီလောက်ထိလှနိုင်ရဲ့လား...'
စစ်ထျင်းသူ့လက်ထဲရှိ ကလေးငယ်အားဝိုင်းကြည့်နေကြသော နောက်လိုက်များအား စူးရဲသောအကြည့်တချက်ပေးကာ သူ၏ဝတ်ရုံဖြင့် ကလေးအားမျက်နှာကအစဖုံးကာ ခင်းနှီးထုပ်ကလေးကဲ့သို့ပွေ့ပိုက်ထားတော့သည်။

ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ Where stories live. Discover now