part 19

341 17 0
                                    

(This part contain some matrue content, read it with your own risk..)

"ဟတ်ချိ့..."

"ဖွ..ဖွ..ပေါင်ပေ့..ရော့ဒီဆေးလေးသောက်လိုက်နော်..လိမ်မာတယ်"

"ကျနော်..နေကောင်းနေပါပီဆို..မသောက်ချင်ဘူး..ခါးတယ်"

"မရဘူးလေ..ကလေးရဲ့ ဆေးကဆေးပတ်လည်အောင်တော့သောက်မှရမှာ..မဟုတ်ရင်အကင်းမသေပဲခရီးဆက်ရင် ပြန်ဖျားလာလိမ့်မယ်"

ထျန်းရှန်..ဆေးတိုက်ရခက်သောကလေးကြောင့် အတော်ကြိူးစားပီးချော့မော့တိုက်သော်ငြား နေပြန်ကောင်းလာတော့ တကယ်ကိုအဆိုးလေးပြန်ဖစ်လာ၏..အရင်ရက်က တောထဲကထွက်လာပီး အနည်းငယ်ခရီးပန်းမှုကြောင့် ဖျားလာသဖြင့် သူတို့ကော့ပါးသောင်ဆီတန်းမသွားပဲ လမ်းရှိမြို့ငယ်တခုစီနားနေသည်မှာ ရက်အနည်းငယ်ပင်ရှိနေလေပီ...နေမကောင်းတဲ့ကလေးကလူအရမ်းကပ်၏..ပြောစကားနားထောင်ကာ လူကိုချွဲလွန်း၍ သူ့ရင်ဘတ်တခုလုံးချစ်ခြင်းဖြင့် အရည်ပျော်ကာ အသည်းယားလွန်း၍ တခုခုမလုပ်မိဖို့ကိုယ့်ကိုကိုယ် အရမ်းတားထားရပါ၏..ဖျားနေသည်မို့အခွင့်ကောင်းမယူချင်သော်ငြား..ယခုတော့နေကောင်းသည်နှင့်ပြန်ဆိုးလာပီမို့မရတော့ပါ...

"မသောက်ဘူးဆိုမသောက်ဘူး...အဲ့လောက်သောက်စေချင်နေတာခင်ဗျားအရင်သောက်ကြည့်..ဘယ်လောက်ခါးလဲဆိုတာ"

"အွန်း..ဟုတ်ပီ..အာ့ဆိုကိုယ်သောက်မယ်..အဲ့တာပီးရင်ကလေးသောက်ရမယ်"

"ဟမ်..ဘယ်လို...အွတ်..အဟွတ်ဟွတ်"

ထျန်းရှန် ထိုဆေးရည်အားငုံ၍ ကလေး၏နှုတ်ခမ်းတွင်းသို့ နှုတ်ခမ်းချင်းဂဟေဆက်၍ မျိူချစေလိုက်၏..ချောင်းအနည်းငယ်ဆိုးပီး သီးသွားတယ်ထင်တယ်..နဲနဲစီပဲတိုက်ရမယ်...နောက်တခါငုံ၍အနည်းငယ်စီအသာထည့်ပေးပီးနောက် ရုန်းကန်လာသော ပေါင်ပေ့လေး...အခုမှလိမ်လိမ်မာမာနဲ့ကိုယ့်ဘာသာသောက်မယ်လို့ပြောတော့တယ်...ဒါနဲ့ဆေးကမခါးပါဘူး ချိုနေတာပဲ နောက်ပီးအရမ်းနူးညံ့တယ်...

လျှာကိုသပ်၍ သူ့အားရွန်းစိုစွာကြည့်နေသောသူကြီး၏ မျက်ဝန်းများကို ကျင်းရှောင် မကြည့်နိုင်တော့ပါ..သူ့ရင်တွေအရမ်းခုန်ပီး ဆေးဝင်သွားလားမဝင်သွားလားတောင်မသိ..
'ကြည့်ရတာ တကယ်ပဲအဖျားကျန်သေးတယ်ထင်တယ်..'
သူ ကြောက်လန့်ပီးထိုလူ၏ဆေးတိုက်နည်းဖြင့် မသောက်လိုတော့..ကွကိုပဲကုန်အောင်သောက်တော့မယ်..
'ဟွန့်..ဒီလူကြီး နေမကောင်းတုန်းကငြိမ်နေတယ်ထင်နေတာ..အဲ့လိုမှန်းသိဖျားပဲဖျားနေပါတယ်'
သူဖျားနေတုန်းက ဖျားနေသူကသူလား ထျန်းရှန်လားပင်မသဲကွဲ..ညဆိုလဲမအိပ်ရေပတ်လဲပေးလိုက် ချော့သိပ်လိုက်..သူစားချင်တာမှန်သမျှ မနက်နေမထွက်သေးဘူးရအောင်သွားရှာဝယ်လာပေးလိုက်နှင့် ဒီရက်ပိုင်းကောင်းကောင်းမနားခဲ့ရလို့ မျက်ကွင်းတောင်ညိုနေလေပီ..သူဖျားနေစဥ်တလျောက် သူ့အနားမခွာ ညိုးငယ်နေသည့်မျက်နှာမှာ မသိရင်သူပဲသေတော့မယောင်...သူ့အားအမျိူးမျိူးအသေးစိတ်ဂရုစိုက်မှုကြောင့် ဤလူအားတနည်းမဟုတ် တနည်းဖြင့် မှီခိုအားကိုးလာမိသည်ကတော့အမှန်...

ကလေးပေါက်စလေးတွေ အများကြီးမွေးပေးပါ Where stories live. Discover now