အခန်း(၁)

218 7 2
                                    

ရာသီဉတုကားမိုးလာမည့်သဘောရှိသည်။
ခဲရောင်နုနုတိမ်စိုင်တွေကြားထဲရောက်နေသည့်နေမင်းကြောင့်အပူရှိန်မှာသိပ်မသိသာလှပေ။အနီရောင့်အုတ်ခဲတို့စီချယ်ထားသောတက္ကသိုလ်ကျောင်းကြီးရှေ့ခပ်လှမ်းလှမ်းတွင်လူတစ်ဉီးသည်ထိုအဆောက်အဉီးကြီးအားငေးမောနေလျှက်ရှိ၏။ထိုသူ၏ရုပ်ကားကတုံးဆံပင်ပေါက်ကေနှင့်ဖြစ်သည်။ဘေး၌ရှိသော 125ဆိုင်ကယ်အစုတ်ရှေတွင့်လည်းဆယ်လိပ်ပါတီရှုးတစ်ထုတ်အားညှပ်ထားလျှက်။ထိုလူအားသေချာကြည့်ကြည့်ပါက မျက်ခုံးမွှေးအနည်းငယ်ရိတ်ထားပြီးနားတွင်လည်းနားကပ်တစ်ရံရှိ၏။သေချာမသိသောသူဆိုလျှင်ထိုလူသားအားတေလေဂျပိုးလူမိုက်ဟု99ရာခိုင်းနှုန်းသောလူတို့သည်ယုံကြည်မိတတ်ကြ၏။

"ဟဲလို.. မင်းစားမေးပွဲကမပြီးသေးဘူးလား မြန်မြန်လာခဲ့စမ်းပါ ငါကြာကြာစောင့်နေရင်ကွမ်းယာဆိုင်ကလူတွေငါကိုလာသမကြတော့မယ် ခုတောင်ငါကိုကြည့်ကြည့်နေကြတာ ငါကိုများဘာထင်နေသလဲမသိဘူး "

." လာပါပြီ...ဇေနိုင်ရာ ခနလေးပါဟ ယုန်ကလဲ"
.

"အဲ့နာမည်ကိုထပ်ခေါ်ရင်မင်းကိုသတ်ပြစ်မယ်
နွားကြီးးရေ "

"ဟားဟ လာစမ်းပါ"

"စကားပေါမနေနဲ့မြန်မြန်လာ ငါတွေ့နေကြသစ်ပင်နားကနေပဲစောင့်တော့မယ် လာခဲ့တော့"

ဟိုဘက်စကားဆုံးအောင်တောင်မပြောရသေးခင်ဖုန်းအမြန်ဆုံးချလိုက်သည်။ မြန်မြန်မသွားပါကကွမ်းယာဆိုင်ကလူတွေတကယ်လာရိုက်တော့မည်။
မလာရနိုးလားတကယ်တော့စောင့်နေရသည်မှာတစ်နာရီတောင်ပြည့်တော့မည်။ကျောင်းသားတွေကိုလာရန်စသည့်လူဆိုးကောင်လို့ထင်သွားသည်မှာဧကန်ပင်။တကယ်တော့ထိုသို့အကြည့်တွေကိုတော့ဂရုမစိုက်တော့ပေ။ခပ်တည်တည်နဲ့ခန့်ချောကြီးကိုမမြင်ဘူးသည့်ထိုလူတို့ကိုသာ အပြစ်တင်ရပေတော့မညျ။

ကွမ်းယာဆိုင်ရှိလူတွေသည်လူနာတင်ယာဉ်ကိုအကြောင်းကြားရန်ပြင်ဆင်ထားသည်ကိုတော့ထိုယုန်လေးမသိလိုက်ရှာပေ။

"ကိုကို ...ကျွန်တော်နဲ့ပဲအတူရှိပေးပါမယ်လို့ ကတိပေးခဲ့တယ်လေ ကျွန်တော်တောင်းပန်ပါတယ်....
အမနွယ်နွယ်ကိုအဲ့လိုမလုပ်လိုက်သင့်ဘူးး ကျွန်တော်ကကိုကို ကိုသူမနဲ့လိုက်မသွားစေချင်လို့ပါ ပြီးတော့ ကျွန်တော်မကြိုက်ဘူး အမနွယ်နွယ်နဲ့နီးနီးကပ်ကပ်ရှိနေတာကို"

သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete Where stories live. Discover now