အခန်း (၆)

44 3 0
                                    

အချိန်ကနှစ်ရက်ကျော်ကြာသွားသည့်တိုင် ဇေနိုင်စိုင်သူရအောင်နှင့်မတွေ့ဖြစ်သေးပေ။ သူလည်းအလုပ်ရှုပ်နေသည်၊စိုင်းသူရအောင်ကိုလဲ လွန်ခဲ့သည့်နှစ်ရက်က အမြီးလေးတောင်မတွေ့ရချေ။ ဘယ်ပေါက်လို့ ဘယ်ရောက်နေလဲမသိ။

တွေးတွေးငေးငေးနဲ့ဇေနိုင်တစ်ယောက်သရက်ပင်ကြီးအားမော့ကြည့်နေသည်။ သူ ဇေနိုင်ဒီနေ့တော့အားသည်။လွန်ခဲ့တဲ့နှစ်ရက်က သူလုပ်သင့်တဲ့အလုပ်တွေအကုန်လုပ်ပေးပြီးပြီ။သူ့သူဌေးသည်လည်း အလုပ်တွေအကုန်ဉီးဆောင်ရတော့ပင်ပန်းသွားပြီထင်သည်။ ခုထိ မနိုးသေးပေ။

"လူချမ်းသာဘဝများ ကောင်းလိုက်တာ" ဇေနိုင်တွေးနေမိသည်။ ထိုအချိန်တွင်အိမ်ရှေ့ခြံတံခါးဖွင့်သံကြားလိုက်ရပြီး ဖြူလွှလွှပုံရိပ်လေး သူမျက်လုံးထဲတွင်ပေါ်လာသည်။ ထိုသူကား စာမလာသတင်းမကြားရပါသော စိုင်းသူရအောင်ပင်ဖြစ်သည်။ ထိုသူသည်သူထံလျောက်လှမ်းလာသည်ကို ဇေနိုင်ငေးကြည့်နေမိသည်။

" ဘာလုပ်နေတာလဲ"
ထိုင်နေတာဟေ့။ထိုင်နေတာကိုမမြင်ဘူးလား။
သို့သော် သူပြောလိုက်သည့်စကားတို့မှာ

" သရက်သီးစားချင်လို့"

"ငတ်ကြီးကျတာ"

စိုင်းသူရအောင်ကိုဇေနိုင်ဘုကြည့်ကြည့်ပေးလိုက်သည်။ ထိုစပ်ဖြဲဖြဲရုပ်ကို ဆွဲဖြဲ လိုက်ချင်သည့်စိတ်တို့သည် အလုံးအရင်းဝင်ရောက်လာသည်။ဘာလားဟ!! ရုတ်တရက်ကြီး ငါကိုလာဖော်ရွေနေတယ်။

" ဘာလဲ" သူမေးလိုက်သည်နှင့်စိုင်းသူရအောင်ကသူဘေးကခုံတန်းတွင်ဝင်ထိုင်လိုက်သည်။ သူမျက်နှာကြည့်ရသည်မှာတစ်ခုခုပြောချင်နေဟန်။

" မျက်နှာကြီး ချီးတစ်နေတဲ့ရုပ်ကြီးနဲ့ ဘာပြောချင်လို့လဲ ..ဘာလဲ ..ငါကိုသူဌေးလေးလိုက်ဖို့အကူအညီတောင်းမလို့မဟုတ်လား"

သူစကားကိုကြားတော့စိုင်းသူရအောင်ပုံစံမှာအံ့ဩမှုတို့ဖြတ်ပြေးသွားသည်။ သူလည်းမျက်နှာကိုမော်ချီကာ ဆရာကြီးစတိုင်နှင့် ပြောလိုက်သည်။

" ပြော"

" မင်းပြောကြည့် လူတစ်ယောက်ကိုကြိုက်နေမှန်းကိုယ်ကိုကိုယ်ကိုကိုယ်သိအောင်
ဘယ်လိုစမ်းစစ်ရတာလဲ"စိုင်းသူရအောင်ပြောလာသည်။

သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete Where stories live. Discover now