အခန်း (၈)

39 2 0
                                    

စိုင်းသူရအောင် သူရှေ့ကဗိုက်ကိုဖိကာ အတောမသတ်ရယ်နေသူအား ကြည့်နေသည်။ ကြည့်ရင်းကြည့်ရင်းပင် ရယ်ရင်းသေသွားမလားဟု၍ပင်တွေးမိလာသည်။ ဟုတ်သည်။ရယ်နေတ၁၅မိနစ်လောက်ရှိပြီ။ရပ်ဖို့အစီအစဉ်လဲရှိပုံမပေါ်။

"မင်းကွာ. ..ဆန်ပြုတ်တွေချည်းပဲထည့်သွားရလား
သူဌေးလေးနေရာမှာသာငါဆိုရင် စိတ္တဇဆေးရုံတစ်ခါတည်းပို့လိုက်ပြီ ဟားး...ဟားးးး''

" နောက်ထပ်နည်းလမ်းတစ်ခု လုပ်ချင်သေးလား''

ဇေနိုင်မေးလိုက်သည်။ လောလောဆယ်တော့သူ့တွင်အပေါဆုံးကနည်းလမ်းပင်။ မနေ့ညက သူ ficတစ်ခုတွေ့လို့ဖတ်ထားသည်။ အဲ့ထဲကဇာတ်ကောင်သည် စိုင်းသူရအောင်နှင့်တူသည်။ ကောင်လေးတစ်ယောက်အားလိုက်နေသည့်အဖြစ်ချင်းကတော့
အတော်ဆင်တူသည်။ သို့ပေမဲ့လည်း စိုင်းသူရအောငိကတော့ တအားဒူသည်။ ဟိုဇာတ်ကောင်ကတော့ အရိပ်ပြအကောင်မြင်သည်။ လည်ဝယ်သည်။ သူ့ရှေ့ကကောင်နဲ့တော့ မဟားတရားကိုကွာသည်။ ဇေနိုင်သာမရှိလျှင် ဒီသူငယ်ချင်းကတော့ တသက်လုံးလင်ရတော့မည်မဟုတ်ပေ။

မျော်လင့်တကြီးနဲ့ကို့စောင့်ဆိုင်းနေတဲ့ဇေနိုင်မျက်ဝန်းတွေကြောင့် စိုင်းသူရအောင်ကြောင်တောင်တောင်နှင့်ခေါင်းငြိမ့်ပြလိုက်သည်။
"တအားတွေကို တက်ကြွနေတာပဲ
" ဟု၍ပင်စိုင်းသူရအောင် တက်ကြွတဲ့ကြက်ဖအားကြည့်နေရင်း တွေးလိုက်မိသည်။

"အဲ့ဆို ငါပြောမယ်နားထောင် စကားလှလှလေးတွေနဲ့ချုပ်ရမယ် နားလည်လား! ဒါကနောက်တစ်ဆင့်လို့ပြောလို့ရပေမဲ့ ဒီအဆင့်ကအရေးကြီးဆုံးအဆင့်
မင်းပြောတဲ့စကားတိုင်းကို သူကြွေသွားရမယ် ၊ အဲ့တော့မင်းကလည်းသူကြွေသွားအောင်ပြောတတ်ရမယ်။ စကားလုံးအသုံးအနှုန်းတွေပိုတော့စိတ့မပူနဲ့ ငါကိုသာဆရာတင်လိုက် ငါအဲ့နေရာမှာ ကျွမ်းကျင်အဆင့်ရှိတယ် မင်းလိုနေတာ လေ့ကျင့်မှုပဲ။ "

နောက်ဆုံးတော့...သူဖတ်ထားသမျှအီစီကလီစကားတွေ၊ ချစ်စကားတွေ အသုံးချရမယ့်အချိန်ရောက်လာပြီ။ တကယ်ပါကွာ...ငါကိုက ဘယ်ကဏ္ဍနေနေတော်လွန်းတာပါကွာ။
ဟားးးး.ဟားးးး နောက်ဆုံးတော့ ငါမျက်စိရှေ့လက်တွေ့အတွဲလေးပေါ်လာတော့မှာ။ တကယ်အတွဲဖြစ်သွားလို့ကတော့ pageထောင်ပြီးကို support. လိုက်ဉီးမှာ...ဟားးးဟားးဟားးးး  real အတွဲကွ!! R... E...A....L....

သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete Where stories live. Discover now