အခန်း (၂၃)

35 3 0
                                    

"ကိုကြီး အောင်အောင် သဘောထားကိုလက်ခံမှာလား''

ထွဋ်ခေါင်နိုင် တစ်ချက်ပြုံးကာ သူ့ညီအားကြည့်သည်။

"လက်မခံရင်ကော အောင်အောင်က ကို​ကြီးစကားနားထောင်မယ်လို့ထင်သလား''

"ဒါပေမဲ့ ကျွန်တော်...''

"ခုနေကိုကြီးတို့လုပ်ပေးနိုင်တာဘာမှမရှိဘူး သူ့သဘောထားကို ကြည်ကြည်ဖြူဖြူသဘောတူရုံပဲရှိတယ်''

ထွဋ်ခေါင်ပိုင် သက်ပြင်းတစ်ချက်ချလိုက်သည်။
.
..
.
..

မနေ့ညက ရန်သတ်ပွဲအရှိန်သည် ခုမနက်အထိ တစ်ငွေ့ငွေ့နှင့် မသိမသာ လောင်ကျွမ်းနေတုန်းပင်။
ထို့ကြောင့် စိုင်းသူရအောင်တစ်ယောက် ချစ်သည်းအား မနက်စာဝယ်ပေးကာ ကပ်ဖားယက်ဖားနှင့် အမှတ်ယူနေရသည်။

"ငါတို့မနေ့တုန်းကပြောပြီးသားလေ ငါ အဝေးသင်ပြောင်းလိုက်မယ်လို့... မထွက်တော့ဘူး...လို့ ''

ဇေနိုင် တစ်ချက်ကြည့်ကာ ဖက်ထုပ်ရည်ဖျော်အားပြန်စားနေလိုက်သည်။

"စကားလေးတော့ပြောဦးလေ ''

ဇေနိုင် ထကာပန်းကန်ယူပြီး သွားဆေးနေလိုက်သည်။ စိုင်းသူရအောင်ကို စကားကိုမပြောချင်ပေ။

မနေ့ညတုန်းကတော့ ခုနှစ်စဥ်ကြယ်တွေကော၊ဓူဝံကြယ်တွေကော ပြကာရယ်နေသေးသည်လေ ဒီမနက်မှ ဘယ်လို့အခြေအနေဖြစ်သွားမှန်းမသိ။တကယ်ပါပဲ... စိုင်းသူရအောင်ခေါင်းကိုကုပ်ကာ သူ့ချစ်သည်းညှာဆီ အပြေးအလွှားသွားချော့ရတော့သည်။

.
.
.
.

"မင်း တကယ်ကြီး ပြောင်းတော့မှာလား''

အဝေးသင်ပြောင်းရန်ပြင်ဆင်နေသည့် စိုင်းသူရအောင် ကိုဇေနိုင်ပြန်မေးမိသည်။

"အင်း ငါပြောသားပဲ ငါကိုကြီးတို့နဲ့လိုက်ပြီးလုပ်ငန်းအ​ခြေအနေလိုက်လေ့လာချင်တယ်''

ဇေနိုင် စိုင်းသူရအောင်ကို ဆက်မကြည့်နိုင်တော့ပေ။ သူတို့၏ပြဿနာကို ကိုကြီးကလာဖြေရှင်းပေးသွားသည်။ ထိုနေ့က စိုင်းသူရအောင် လုပ်ငန်းလုပ်ချင်တယ်၊ ကျောင်းထွက်မယ်ပြောလို့ ကိုကြီးက ''ဇေနိုင်ကြောင့်လား''လို့ မေးတာကို စိုင်းသူရအောင်က ''သူ့ကြောင့်လဲပါတယ် ''လို့ဖြေခဲ့သည်။ အဲ့တာကို ဇေနိုင်ဆိုတဲ့သူက နားစွန်နားဖျားကြားပြီး စိုင်းသူရအောင်ကိုရန်လုပ်မိသည်။ သူက နဂိုကတည်းက သိမ်ငယ်နေတဲ့သူမို့ ဆက်ဆက်ထိမခံတာလဲဖစ်နိုင်သည်။ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ယောက်က အကွာကြီးကွာသည်လေ။

သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete Where stories live. Discover now