အခန်း (၁၇)

39 2 0
                                    

အဝေးပြေးလမ်းမကြီးပေါ်မှာ  ကားလေးကတရိပ်ရိပ်ဖြင့်ပြေးဆွဲနေသည်။ စိုင်းသူရအောင်ခဗျာမှာတော့ ဇေနိုင်မျက်နှာအားခဏခဏကြည့်ကာနေမိ၏။ သူသာ ကားသော့ဆွဲပြီးပြေးထွက်မလာလိုက်ပါလျှင် ကိုကြီးနှင့် ဇေနိုင် မည်သည့်အခြေအနေကိုရောက်သွားနိုင်လိမ့်မည်နည်း။ သူသာကားတံခါးကို အလျင်အမြန်မထုခဲ့ပါလျှင် ကိုကြီးအနမ်းတွေသည် မည်မျှရှည်ကြာလိမ့်မည်နည်း။ သူမတွေးရဲပါ။ ဆုံးရှုံးရမှာကြောက်တဲ့စိတ်တွေများနေသလို ဇေနိုင်နဖူးလေးအားလည်း အကြမ်းပတမ်းနမ်းပစ်ချင်သည်။ ကိုကြီးနမ်းခဲ့သည့်ထိုနဖူးအား သူတစ်ယောက်တည်းအပိုင်ဆိုတာ ဇေနိုင်သိအောင် သူအကြမ်းပတမ်းလုပ်ပစ်လိုက်ချင်သည်။

လမ်းတစ်ဝက်ရောက်တော့ရှေ့က ကားသည်ဆီဝင်ဖြည့်၏။ကားပေါ်ကလူများသည်လည်း အညောင်းပြေအညာပြေ အပေါ့အပါးသွားရန် ဆင်းသည့်လူကဆင်းနေကြသည်။ သူတို့ကားသည်လည်း ဆီဖြည့်ပြီးနောက် လမ်းဘေးတွင်ရပ်ကာ ထို့ကားအားစောင့်နေကြသည်။

ဇေနိုင်သည် အိပ်ချင်မူးတူးနှင့် အိမ်သာသွားရန်ပြင်သည်။ စိုင်းသူရအောင်လည်း စိတ်ပူ၍ အနောက်ကနေလိုက်သွားရသည်။ အိမ်သာထဲရောက်သည်နှင့်စိုင်းသူရအောင် ဇေနိုင်အားနံရံကိုကပ်ကာ နှုတ်ခမ်းတို့အားနမ်းလိုက်သည်။ ထိုမှဇေနိုင်သည် အသိဝင်လာကာ သူအားတွန်းထုတ်လာသည်။ သူသည် ဇေနိုင်အားလွှတ်မပေးပါချေ။ရုန်းနေသည့်သူအားအတင်းဖက်ထားကာ ''ချစ်တယ် ချစ်တယ် ''ဟု သာနှုတ်မှတဖွဖွရွတ်နေခဲ့သည်။

ထိုစကားသံသည် ဇေနိုင်အား ရုန်းကန်ခြင်းမှ ရပ်တန့်စေသလို့ အိပ်ချင်စိတ်တို့အားလည်း ​ပျောက်
ကွယ်စေ၏။

ရှက်နေသည့်အမူအရာနှင့်ဇေနိုင်သည် အလွန်ချစ်စရာကောင်း၏။စိုင်းသူရအောင်လည်းမနေနိုင်စွာပင် ကြက်ကလေးဆန်ကောက်သလို ဇေနိုင်နှုတ်ခမ်းတို့အား တစ်ဖန်နမ်းလိုက်မိ၏။ ကိုယ်တော်ချောကတော့ သူကိုတွန်းထုတ်ကာ ပြေးထွက်သွားလေတော့သည်။ စိုင်းသူရအောင်ကတော့ အကြံအောင်သွားသော အပြုံးကြီးဖြင့်အနောက်ကနေလိုက်သွားတော့သည်။
.
..
.
..
ကားထဲကခုလေထုနှင့်စောနကလေထုသည် ဘာကွာနေမှန်း ချစ်တဲ့မောင်မသိတော့ပေ။ ခုလေထုသည်နည်းနည်းတော့ထူးနေခြားနေပုံရသည်။ဘာထူးခြားနေလည်းတော့ သူမပြောတတ်ပေ။ထို့နောက်ဘေးကလူအားလှည့်ကြည့်လိုက်သည်။ ပါးစပ်ကြီးဟ သရေတွေကျကာ အိပ်နေသူအားမနေနိုင်စွာ နှာခေါင်းကိုဖွဖွညစ်မိသည်။ ချစ်မိနေတော့လည်း အရာရာဟာ လှပနေ သည်။
.
.

သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete Where stories live. Discover now