အကိုသီဟတို့အိမ်မှာတစ်နေ့လုံးနီးပါး ဒုက္ခပေးပြီးနောက်..သူတို့အခု စိုင်းသူရအောင်ဝယ်ထားတဲ့ တိုက်ခန်းတစ်ခုမှာ ရောက်နေသည်။
မနက်ကတော့ ကိုကိုတို့ဖုန်းဆက်သည်။ သူတို့နှစ်ယောက်၏အခြေအနေကို မကန့်ကွက်ကြပေ။ အိမ်ပြန်လာခဲ့လို့ပြောသော်လည်း စိုင်းသူရအောင်က သူအဖေရှိနေသေးသရွေ့ မပြန်ဟုဆိုကာ ခုဤနေရာကိုသူတို့ရောက်ခဲ့ကြသည်။
ဇေနိုင်လည်းသူဌေးတို့ ကိုကိုအိမ်သွားချင်ပေမဲ့.စိုင်းသူရအောင်အဖေရှိနေသေးသရွေ့ သူသွားမည်မဟုတ်ပေ။ သူ့ သူဌေးကတော့ အမြော်အမြင်ရှိစွာ သူအားနောက်ထပ် ခွင့်သုံးရက်ပေးလာသည်။ သူ့ သူဌေးသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးသူဌေးဖြစ်သည်....
တိုက်ခန်းက လူသိပ်မနေဘူးဆိုတော့ ဖုန်လောက်ပဲရှိသည်။အဲ့ဖုန်တွေလည်း နေ့ခင်းက ကိုသီဟလူငှားကာ ရှင်းခိုင်းသဖြင့် သူတို့ကတော့ အဆင်သင့်ဝင်နေရုံပင်။
" ယုန်ပေါက် ဘာစားမလဲ''
စိုင်းသူရအောင် ဆိုဖာပေါ်တွင် ပျင်းတိပျင်းရွဲဖြင့်မှီကာ သူ့ယုန်ပေါက်အားမေးလိုက်သည်။
"အစောကြီးရှိသေးတယ် ညစာစားတော့မလို့လား''
အခန်းထဲမှ ထွက်လာသောဇေနိုင်ပြန်ဖြေလိုက်သည်။"သွားဝယ်မယ်လေ ဗိုက်ဆာရင်စားကြတာပေါ့''
" ဟုတ်ပြီ''ဇေနိုင်တက်ကြွစွာပင် ဖိနပ်စီးကာအိမ်ရှေ့လေအလျင်ဖြင့်ထွက်လိုက်သည်။ စိုင်းသူရအောင် မရယ်ပဲကိုမနေနိုင်ပေ။ သူ့ချစ်သူသည် အစားပုပ်လေးဖြစ်နေသည်။
.
..
.
..
.ထမင်းစားပြီးနောက်. သူတို့ရုပ်ရှင်တစ်ကားကြည့်သည်။ ရုပ်ရှင်ပြီးသွားပြီးနောက် စိုင်းသူရအောင် ဇေနိုင်ကို ဖက်ကာအိပ်ရန်ပြင်သည်။ မီးပိတ်ပြီးနောက် အခန်းသည် အလွန်တိတ်ဆိတ်နေသည်။
စိုင်းသူရအောင်ဇေနိုင်ခါးအားဖက်ကာ နှုတ်ခမ်းလေးကိုလှမ်းနမ်းသည်။ တဖြည်းဖြည်းနဲ့ နက်ရှိုင်းလာတဲ့အနမ်းတွေအောက် ဇေနိုင်လက်ကလေးသည် သူ့ရင်ဘက်အား တွန်းလာကာ ရပ်ရန်အချက်ပြနေသည်။ သူမရပ်ချင်ပေ။သို့သော် ချစ်ရသူရဲဆန္ဒတိုင်း သူရပ်လိုက်သည်။မဟုတ်လျှင် သူအားလူဆိုးကောင်ဟု ကျိန်ဆဲနေအုံးမည်။
YOU ARE READING
သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete
Romance"မင်းကော နောက်ဆယ်နှစ်ကြာသွားရင် ငါကိုချစ်ပါအုံးမလား'' "မင်းကငါအမြဲတမ်းချစ်ပါမယ်လို့ပြောတာတောင်မယုံချင်ဘူးလေ အဲ့ကြောင့် ဒီအစီအစဥ်ကိုလုပ်လိုက်ရတာ ငါတို့ဆယ်နှစ်ကိုတစ်ကြိမ်လက်ထပ်မယ် ငါးနှစ်တစ်ကြိမ်ဆိုလည်းရတာပဲ တစ်ကြိမ်လက်မှတ်ထိုးပြီးတိုင်း ငါအချစ်တွေက...