final

63 4 0
                                    

တိတ်ဆိတ်ငြိမ်သက်နေသောအာရုံဦးမနက်ငါးနာရီတွင်သစ်ပင်တို့သည် မပြင်းတပြင်းတိုက်ခတ်သော တောင်လေကြောင့် တရှဲရှဲမြည်နေလေသည်။

မီးဖိုဘေးထိုင်နေသောဒေါ်သူဇာ၏စိတ်အာရုံသည် တောင်ဘက်အဖျားတွင်ရှိသောမီးရောင်မှိန်မှိန်လင်းနေသောအခန်းငယ်တွင်သာရှိနေသည်။

သူ၏သားငယ် သူ၏သားငယ်တွင်ဘယ်လိုကြောင့်များအဲ့လိုအဖြစ်မျိုးဖြစ်ရသနည်း။

''သူဇာ သူဇာ   ဟဲ့ သူဇာ''

ခင်မေလှ၏အသံကြောင့် ဒေါ်သူဇာလန့်ကာထမင်းအိုးအားကြည့်မိတော့ ထမင်းအိုးကပွက်နေလေပြီ ''

''ညည်းနှယ့်အေ အာရုံတွေဘယ်ရောက်နေတုန်း ထမင်းးပျော့တော့မယ်  ''

ခင်မေလှသည် ခပ်စွာစွာအသံဖြင့်သူ့အားအပြစ်တင်လာသည်။ထို့နောက် ဘေးတွင်ထိုင်လိုက်လေသည်။

''ငါတို့ဘာမှမတတ်နိုင်ဘူး ဒီတိုင်းကလေးတွေကိုလွှတ်ထားလိုက်ပါအေ''

ထိုစကားကြောင့်ဒေါ်သူဇာ ခင်မေလှအားကြည့်မိသည်။

''နင်သိပါတယ် ငါသားကိုငါဘယ်လောက်တောင်ချစ်သလဲ
တစ်နေ့မှာငါသိလိုက်ရတယ် ငါ့သားသဘောကျနေတဲ့ကလေးက သူ့သူငယ်ချင်းနိုင်းနိုင်းလေးတဲ့လေ။ငါလေ အဲ့တုန်းကရူးမတက်ဘဲ ကိုချစ်ကိုလည်းမပြောရက် ငါလည်းဘာလုပ်ရမှန်းမသိနဲ့ တော်တော်ကြောက်နေခဲ့မိတာ''

ခင်မေလှစကားကိုဖြတ်ကာ သူ့ဇာအားကြည့်လိုက်သည်။

''ဒါနဲ့ တစ်ရက်တော့ ငါ့သားကလေ အခန်းထဲတိတ်တိတ်လေးငိုနေတာတွေ့တယ် အကြောင်းကတော့နိုင်းနိုင်းလေးကဂွတ်ထော်လေးကိုကြိုက်နေလို့တဲ့လေ ဟားး ဟားး''

ဒေါ်ခင်မေလှသဘောကျစွာရယ်ပြီးသူဇာအားကြည့်လာသည်။ အချိန်ကြာသွားလို့သာအရင်တုန်းကအကြောင်းတွေကိုရယ်ပြီးပြောနိုင်ပေမဲ့ အဲ့အချိန်တုန်းကသူဘယ်လောက် ရင်တွေကွဲခဲ့သလဲဆိုတာ သူသာအသိဆုံးပင်မဟုတ်ပါလော့''

ဒေါ်ခင်သူဇာ သူမငယ်ချင်းဖြစ်သူအားကြည့်ကာသူနဲ့အတူလိုက်ရယ်ပေးလိုက်သည်။ သူမလည်းဘယ်လောက်ဝမ်းနည်းခဲ့ရမည်နည်း။

You've reached the end of published parts.

⏰ Last updated: Dec 14, 2023 ⏰

Add this story to your Library to get notified about new parts!

သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete Where stories live. Discover now