အခန်း (၅)

44 3 0
                                    

ဖုန်းလာလို့ ဖုန်းသွားဖြေရန်ထ ထွက်သွားသောသူအားကြည့်နေသည့် စိုင်းသူရအောင်ကို ချဉ်ပေါင်ရွက်သင်ရင်းဖြင့် ဇေနိုင်မနေနိုင်မထိုင်နိုင်ဘဲမေးလိုက်သည်။

" မင်းတို့က ချစ်သူတွေလား"

သူလည်းသေချာမသိတော့ပေ။စိုင်းသူရအောင်၏မျက်ဝန်းတွေကတစ်မျိုးကြီးဖြစ်နေသလောက် သူဌေးညီကိုကြည့်ရသည်မှာ သာမန်ပင်။ စိုင်းသူရအောင်ကိုကြည့်နေသည်မှာလည်း သူနဲဆုံတဲ့အခါကြည့်သည့်အကြည့်မျိုးပင်။ ဘာခံစားချက်မှမရှိ။

"ဟမ်... ဘာကိုဆိုလိုချင်တာလဲ"

" မင်းနဲ့ သူဌေးလေးနဲ့က ရည်းစားတွေလားလို့ ငါမေးတာ" မေးရင်းမေးရင်းနဲ့ပင် အသံတိုးသွားကာလူကလည်းစိုင်းသူရအောင်ဘက်သို့တဖြည်းဖြည်းကပ်လာသည်။

" ငါပြောချင်တာက မင်းတို့က ဟိုလိုမျိုးလေ.. ...."

"မဟုတ်ဘူး!"

တုံးတိဖြေလာသည့် အသံနောက်ကွယ်တွင် ဒေါသလေးနည်းနည်းပါနေသည်။ ထိုလူကိုကြည့်လိုက်တော့ မျက်မှောင်ကြီးကြုပ်ထားပြီး တစ်ခုခုကိုစဉ်းစားနေဟန်။ ဇေနိုင်လည်းလန့်လန့်နဲ့ပင် ဟိုဘက်ခုံသို့ပြန်ပြောင်းပြေးတော့သည်။

" ယောက်ျားလေးနှစ်ယောက်က ရည်းစားဖြစ်နိုင်လို့လား"
စိုင်းသူရအောင်၏အမေးကိုဇေနိုင်စိတ်ထဲကနေမျက်ဆံလန်လိုက်သည်။ အင်နိုးစန့်ရောင်ဆောင်နေလိုက်တာများကွာ...မသိရင်သူကြိုက်နေတဲ့သူကယောက်ျားလေးမဟုတ်တာကျနာ။

"Omm ဖြစ်နိုင်တာပေါ့"

"မင်းက ဖြစ်ဖူးတယ်ပေါ့ "
ပြန်မေးလာသည့်အမေးကြောင့်ဇေနိုင်ကြောင်သွားသည်။

"ဟမ်."

ငါက ဂေးမဟုတ်ဘူးကွ!!!!!
ငါမဂေးပါဘူးနော်....ငါယောကျ်ားလေးတွေကိုမကြိုက်ဖူးပါဘူးနော် ငါကစာတွေ့သမားလေးတစ်ယောက်ပါပဲကွာ.... သူသေချာပေါက်သူစိတ်ထဲကစကားတွေတော့မပြောလိုက်ပေ။

" တကယ်တော့ ငါနည်းနည်းပဲသိတာပါ အဲ့တာလည်းသူငယ်ချင်းအချို့ကြောင့်ပါ"

သူရဲ့လိုင်းပေါ်ကဘူးဖော်ဘူးဘက်သူငယ်ချင်းအချို့အား ဇေနိုင်စိတ်ထဲကနေတောင်းပန်လိုက်သည်။
ကိုယ်သာစိတ်မဝင်စားရင် သိနိုင်စရာအကြောင်းမရှိပေ။သူစိတ်ဝင်စားလို့သာ သိတာပေါ့။သူသိတာမှ ဟိုဘက်ကမ်းတောင်လွန်နေသေးတယ်။
အဲ့တာကိုဟိုကောင်ငဒူစိုင်းသူရအောင်မသိဖို့သာမျှော်လင့်သည်။

(ဟေ့....ဟေ..... မင်း တို့လဲအထင်မလွဲနဲ့အုံး ငါကစိတ်ဝင်စားမှုပဲရှိတာပါနော် ငါ မဂေးပါဘူးနော်

" ဘယ်လိုခံစားရလဲ မင်းသူငယ်ချင်းက
ယောကျ်ား လေးနှစ်ယောက် ကြိုက်ကျတဲ့အခါလေ''

ဇေနိုင်ကြောင်သွားသည်။စိုင်းသူရအောင်ဒီလိုမေးလာလိမ့်မယ်လို့သူမထင်ထားမိချေ။ သူ...စိုင်းသူရအောင်က လိင်တူတွေကြိုက်လို့ရတယ်ဆိုတဲ့အကြောင်းကိုတကယ်ပဲမသိတာလား။ ဇေနိုင်သိချင်လာသည်။စိုင်းသူရအောင် တကယ်ပဲဘာပါလိမ်.။

" မင်းနိုင်ငံခြားကိုခဏခဏသွားဖူးတယ်မလား၊ညတွေလဲ ကလပ်တက်တယ်ဆို. မင်းတကယ်ပဲ မသိဘူးလား"

"ဘာကိုတုန်း!"အသံတို့မှာစိတ်မရှည်မှုတွေဖြင့်၊ ဇေနိုင်အနည်းငယ်တောင်လန့်လာမိသည်။

" ငါပြောချင်တာက နိုင်ငံခြားဆိုငါတို့နိုင်ငံထက်ပိုပွင့်လင်းတယ်လေ ၊ ကလပ်တွေမှာလဲ အနည်းနဲ့အများတော့ရှိမှာပဲလေ။''

" ငါမသိဘူး...ငါအခြားသူတွေကိုလည်းစိတ်မဝင်စားဘူး
သူတို့လဲလိုက်ကြည့်မနေဘူး အားအားယားယား"

လူခွစာ...ဇေနိုင်တိတ်တိတ်လေးကျိန်ဆဲလိုက်သည်။

" အဲ့တော့မင်းပြောချင်တာ ကိုကိုနဲ့ငါ ကချစ်သူတွေနဲ့တူတယ်ပေါ့"

" အေး မင်းဘက်ကပဲတူတာပါ သူဘက်ကတော့မတူဘူး"

"အဲ့တော့ ငါက ကိုကိုကိုကြိုက်နေတာပေါ့a''.

ဇေနိုင်သူအရှေ့ကလူကိုဆွဲသာထိုးပစ်လိုက်ချင်သည်။တုံးတာလား၊အတာလား၊ဒူတာလားကိုမသိတော့ပေ။ သူခံစားချက်တွေလည်းသူနားလည်ပုံမရပေ။
ဤသို့ဖြင့်မေတ္တာရှင်ရွေပြည်သာနဲ့သား မေတ္တာရှင်ဇေနိုင်ခဗျာ သူအရှေ့ကလူကိုသနားသွားပြီးကူညီဖို့ဆုံးဖြတ်လိုက်တော့သည်။

" မင်း ဒီနေ့တရက်သေချာစဉ်းစားကြည့်လိုက်အုံး
သေချာရင် သူကိုလိုက်ဖို့ငါကူညီပေးမယ်"ပြောပြောပြီးချင်းဇေနိုင်ချဉ်ပေါင်ရွက်ခြက်းကြီးကိုင်ကာ ထသွားတော့သည်။ခဏကြာတော့သူနောက်ကအသံတစ်သံထွက်ပေါ့လာသည်။

" မင်းမှ မဖြစ်ဖူးတာ ငါကိုဘယ်လိုကူညီမှာလဲ"

ဇေနိုင်ရှေ့သွားအကြီးနှစ်ချောင်းပေါ်ကာ
ဆွဲဆောင်မှုရှိရှိပြုံး လိုက်ပြီးစိုင်းသူရအောင်ကိုလှည့်ကြည့်လိုက်ပြီး တစ်ခွန်းပဲပြောကာထွက်သွားလိုက်သည်။ထိုတစ်ခွန်းကား

" စိတ်ပူမနေစမ်းပါနဲ့ ငါကစာတွေ့သမား"

သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete Where stories live. Discover now