ဘဝမှာရွာပြန်ရတာဝမ်းနည်းစရာအကောင်းဆုံးအခေါက်က အခုတစ်ခေါက်ပင်ဖြစ်လိမ့်မည်။ကားပေါ်တွင်လူတိုင်းတတ်ဆိတ်နေလျှက်။ ဖေသည် ထိုမြင်ကွင်းကိုမြင်ပြီးကတည်းက သူ့အားဘာစကားမှမဆိုတော့ပါ။ အမေကတော့ သူအားတစ်ခါတစ်ေလကြည့်လာပေမဲ့ ဖေလို့ပင်ဘာစကားမှမဆို။ဘာပြောရမှန်းမသိဖြစ်နေတာလည်း ဖြစ်နိုင်သည်။
မမတစ်ယောက်သာသူ့နောက်ကျောလေးအားပုတ်ပေးကာနှစ်သိမ့်ပေးနေသည်။
''မြေးလေးပြန်လာပြီ''
အဖွားရဲ့ပျော်ရွှင်နေတဲ့နှုတ်ဆက်သံကိုဇေနိုင်ပြုံးပြရုံသာနှုတ်ဆက်ပြီး အခန်းထဲဝင်လာခဲ့လိုက်သည်။အဘိုးကေတာ့ မူမမှန်တာကိုသတိထားမိသည်ထင် အဖေနှင့်အမေအားမျက်ခုံးပင့်ကာကြည့်လာလေသည်။
ဤသို့ဖြင့်သန့်ဇေနိုင်ဆိုသည့်သူသည် ထို့နေ့ညတွင်မန်းလေးတွင်ကျန်ခဲ့သည့်ချစ်ရသူကိုသတိအကြီးကြီးရကာ ညစာပင်မစားနိုင်ပဲ ငိုကြွေးကာ အိပ်စက်ခဲ့ရလေသည်။
..
မန္တလေးတွင်လည်း ထို့နေ့ညကလမသာခဲ့ပါ။
စိုင်းသူရအောင် ခုတင်ဘေးကွက်လပ်လေးကိုကြည့်ကာလွမ်းနေရုံဘဲတက်နိုင်လေသည်။
''လွမ်းလိုက်တာကွာ..ယုန်ပေါက်ရာ'' ခပ်တိုးတိုးဆိုတော့ မျက်ရည်ကလက်ပေါ် ပေါက်ခနဲကျလာသည်။ယုန်ပေါက်ရှိလို့ကတော့ ယောကျ်ားကြီးဖြစ်ပြီးငိုနေတယ်ဆိုကာလက်ညိုးထိုးကာဟားလိမ့်မည်။ သူချစ်ရတဲ့သူကအဲ့သလိုကောင်ပင်။
ချစ်ရသူ့အကြောင်းတွေးမိတော့ မျက်နှာပေါ်တွင်အပြုံးတို့ကအလိုအလျောက်ပင်ဖြစ်တည်လာသည်။သူဆိုေသာစိုင်းသူရအောင်သည် ယုန်ပေါက်အားဘယ်သောအခါမှအဆုံးရှုံးခံမည်မဟုတ်ပါ။ ထိုသို့တွေးမိသည်နှင့်ဘယ်နားထားမိလို့ထားမိမှန်းမသိသည့်ဖုန်းကိုလိုက်ရှာရသည်။ထို့နောက်...သူ့လူကြီးမိဘများအဖြစ်သက်မှတ်ထားသည့်အကိုနှစ်ယောက်ဆီသို့ဖုန်းခေါ်ကာ အပူတိုက်ရတော့သည်။
....
အပြင်ဘက်ကဆူညံသံတွေကြောင့် ဇေနိုင်နိုးလာသည်။ နာရီကိုကြည့်တော့ဆယ်နာရီ။ ဆူညံသံတွေတဖြည်းဖြည်းကျယ်လာပြီး အိမ်ရှေ့ဧည့်ခန်းကထွက်လာတာပင်။ထို့နောက် သူ့ရင်းနှိးကျွမ်းဝင်ရတဲ့ အသံလေးအားကြားလိုက်ရသည်။
YOU ARE READING
သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete
Romance"မင်းကော နောက်ဆယ်နှစ်ကြာသွားရင် ငါကိုချစ်ပါအုံးမလား'' "မင်းကငါအမြဲတမ်းချစ်ပါမယ်လို့ပြောတာတောင်မယုံချင်ဘူးလေ အဲ့ကြောင့် ဒီအစီအစဥ်ကိုလုပ်လိုက်ရတာ ငါတို့ဆယ်နှစ်ကိုတစ်ကြိမ်လက်ထပ်မယ် ငါးနှစ်တစ်ကြိမ်ဆိုလည်းရတာပဲ တစ်ကြိမ်လက်မှတ်ထိုးပြီးတိုင်း ငါအချစ်တွေက...