အခန်း (၉)

45 4 0
                                    

မိသားစုအိပ်မွေ့ယာခဲရောင်ကြီးပေါ်တွင် ဇေနိုင်ထိုင်ကာအရှေ့မှမတ်တပ်ကြီးရပ်နေသည့် စိုင်းသူရအောင်အား ကြည့်နေသည်။ စောနက အောက်ဆင်းမလို့ရှိသေး လက်ဆွဲကာပြန်တက်လာတဲ့သူကြောင့် ယောင်တောင်ပေါင်တောင်နဲ့ အပေါ်တက်လာခဲ့ရသည်လေ။ ခေါ်လာတဲ့သူကတော့ ခုထိ မတ်တပ်ကြီးရပ်လို့ကောင်းနေတုန်း။ အသက်မှရှိသေးရဲ့လားလည်းမသိ။

" ငါကို ဘာလို့မင်းအခန်းထဲခေါ်လာတာတုန်း
ဘာပြောမလို့တုန်း"

စိုင်းသူရအောင် လည်းမသိပေ။ ဇေနိုင်အား ဘာကြောင့် သူ့အခန်းထဲခေါ်လာမိမှန်း မသိ။ လှေကားမှာတုန်းက ကိုကြီးနဲ့အကြည့်ခြင်းဆုံပြီး
ရယ်နေတာကို မမြင်ချင်လို့ ကြားဖြတ်လက်ဆွဲကာခေါ်လာလိုက်တာ။ လှေကားထိပ်ရောက်မှ သူနေတဲ့အခန်းကိုကြွားချင်လာပြီး ဇေနိုင်ကို အခန်းထဲပစ်သွင်းလိုက်မိတာပင်။ဒီတိုင်း.....

"မတ်တပ်ကြီးသေသွား​ြပီလားဟ" ပြောရင်းဆိုရင်းမျက်စိရှေ့လက်ကာလာသူကြောင့် နောက်သို့ခြေတစ်လှမ်းဆုတ်မိ၏။

"ငါ..ငါ.... အယ်.မင်းမှာလက်အပိုလေးနဲ့" သူဒီနေ့ဘာတွေဖြစ်နေမှန်းကိုမသိပါဘူး။ အပိုတွေ လျောက်လုပ်မိနေသည်။ သူခါတိုင်းအဲ့လိုမဟုတ်ပါဘူး။

"မင်းအခုမှမြင်တာလား" ဇေနိုင်သူ့ညာဘက်လက်လေးထောင်ကာမေးလောက်သည်။

"မဟုတ်ပါဘူး! ငါကြာပေါ့ မြင်တာ" ပြောပြောဆိုဆိုပင် လက်သန်းအပိုလေးအားဖိကြည့်လိုက်၏

ရုတ်တရက်အဖိခံလိုက်ရသောကြောင့် ဇေနိုင်လန့်သွားကာ လက်ကိုရုတ်လိုက်မိသည်။

"ဆောရီးး...ငါ တစ်ခါမှမမြင်ဖူးဘူး ပြီးတော့ အူယားလို့ ဟီးဟီး"

ခေါင်းကုပ်ကာရယ်ကျဲကျဲလုပ်နေတဲ့ကောင်ကို ဂျိုကြည့်သာကြည့်ပေးလိုက်သည်။ ဘာမှန်းကိုမသိဘူး
လန့်သွားတာပဲ။

" မင်း ဆိုင်ကယ်တွေကြိုက်လား ဘယ်တစ်ခုကြိုက်လဲ" လက်ညိုးထိုးပြသည့်နေရာကို ကြည့်မိတော့။ ဟုတ်ပ ။ ဆိုင်ကယ်ပုံစံအသေးလေးတွေကိုစင်အပြည့်တင်ထားသည်။ ဆိုင်ကယ်တွေကလည်း တကယ့်အမိုက်စားတွေ။ ဘီးကြီးကြီးတွေနဲ့ဆိုင်ကယ်တွေ၊ မိုက်လိုက်တာ၊ ဆိုင်ကယ်လေးတွေရဲ့အောက်မှာ Harley -Davidson လို့ရေးထားသည်။
ကြိုက်တာပေါ့ ဒါပေမဲ့ ကပ်ရပ်စင်ကအင်္ဂလိပ်ဝတ္ထုတွေ၊ ဘာသာပြန်တွေကို သူ့အကြည့်မခွာနိုင်ဘူး။
အထူးသဖြင့် Harry Potter စာအုပ်တွေ။

သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete Where stories live. Discover now