အခန်း( ၂၀)

37 2 0
                                    

စိုင်းသူရအောင် သူ့အမေဆီကထွက်လာပြီးနောက် ကိုကိုတို့အိမ်ကိုလည်းမပြန်ပဲ ဇေနိုင်အား အခြား
တစ်နေရာဆီကိုသာ ခေါ်လာသည်။

ရောင်စုံမီးများစွာထွန်းထားသော ဆိုင်တစ်ဆိုင်အရောက်တွင် စိုင်းသူရအောင်သည် ကားကိုရပ်လိုက်၏။ ထို့နောက် ကားပေါ်ကဆင်းကာဇေနိုင်ဘက်တံခါးကို ဖွင့်ပေးလာပြီး အပြုံးလေးနဲ့ဆိုလာသည်။

"ခဏ ဝင်ရအောင်''

ဆိုင်အဝင်တွင် အပြုံးချိုချိုလေးနဲ့လူတစ်ယောက်က စိုင်းသူရအောင်အား လှမ်းခေါ်သည်။ထိုလူနောက်ကို စိုင်းသူရအောင်လိုက်သွားတာကြောင့် ဇေနိုင်လည်းတိတ်တိတ်လေးလိုက်လာလိုက်သည်။
ဆိုင်အတွင်းထဲရှိစားပွဲခုံပေါ်တွင်နေရာချပြီးနောက်
ထိုလူသည် ဇေနိုင်အားသိချင်စိတ်ဖြင့်ကြည့်လာသည်။

"Club ကိစ္စဆို သီဟဇော်ပြန်မလာသေးဘူး'' ထိုသသူကဆိုလာသည်။

စိုင်းသူရအောင်သည် အင်းတစ်လုံးပဲပြောကာ ဇေနိုင်ဘက်ကြည့်လာသည်။

ဆိုင်လေးသည်ထမင်းပေါင်း၊ဖက်ထုပ်ပေါင်း၊ဆီချက် စသည့်ဖြင့်ရောင်းသည့်ဆိုင်လေးပင်။အပြင်အဆင်လေးကလည်းလှသည်။အလုပ်လုပ်နေကြတဲ့ကောင်လေးတွေကလည်း ဟိုးပြေးဒီပြေးနှင့် ချစ်စဖွယ်...

"ဘာစားမလဲ''

ဟိုဟိုဒီဒီလိုက်ကြည့်နေသည့်ဇေနိုင်အား ကျော်မင်းထက်မေးလိုက်သည်။ စိုင်းသူရအောင်ခေါ်လာသည်ဆိုကတည်းက ထိုကောင်လေးသည် သာမန်မဟုတ်
လောက်ပေ။

" ထမင်းပေါင်းပဲစားလိုက်တော့''

ဇေနိုင်အပိုမဆိုပဲ ခေါင်းငြိမ့်ပြလိုက်သည်။

ခဏအကြာ ထမင်းပေါင်းရောက်လာသည်။လာပို့တဲ့သူကတော့ စောနကအကိုပဲြဖစ်သည်။စောနကအကိုနှင့် ရှေ့ဆင့်နောက်ဆင့်ပင် နောက်လူတစ်ယောက်ရောက်လာသည်။

ထိုလူသည် စိုင်းသူရအောင်ကိုနှုတ်ဆက်ကာ ဟိုအကို၏ခါးလေးကိုဆွဲဆိတ်လိုက်သည်ကို ဇေနိုင်မြင်ဖြစ်အောင်မြင်လိုက်သည်။ ဟိုအကိုကတော့ ပြုံးပြုံးလေးပင်။ဇေနိုင်တစ်ချက် အလင်းပွင့်သွားသည်။ထိုသူတို့သည် သူနှင် စိုင်းသူရအောင် လိုပင်။

သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete Where stories live. Discover now