အခန်း(၁၁)

39 2 0
                                    

ဆောင်းမနက်ခင်းက အေးမြမြ၊ မြူတို့က ဟိုတစ်စဒီတစ်စနှင့်။ ဒီလိုသာယာတဲ့မနက်ခင်းလေးကို ဖျက်စီးနေတာက ဟိုအကောင် စိုင်းသူရအောင်။

"အေး မင်းကိုပြောနေတယ်နော်...ဖွင့်လို့  တံခါးဖွင့်!!''

ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိ။
သူလာကတည်းက ငုတ်တုပ်ထိုင်စောင့်နေတဲ့သူက
အအေးဒဏ်ကို ကြောက်တဲ့သူဟုတ်ရဲ့လားလို့တောင် စဉ်းစားမိတဲ့အထိ။ တမင်သက်သက်လုပ်နေတာ အဲ့ကောင်စိုင်းသူရအောင်။ မနက်အစောကြီးလာမိတာအမှား၊နေမြင့်မှလာခဲ့လိုက်ရမှာကိုကွာ။

"ဟေ့ကောင် ဖွင့်လို့ပြောနေတယ်နော် '' အံကြိတ်ကာပြောနေတဲ့သူကြောင့် စိုင်းသူရအောင်မှာ တိတ်တိတ်လေးခိုးရယ်မိသည်။ လူပုစိတ်တိုကတော့။

" မင်းမဖွင့်ရင် ငါတံခါးကနေကျော်တက်လာမှာနော်''

"တက်ခဲ့လေ ငါကဖွင့်မပေးဘူး ဘယ်သူကမင်းသူငယ်ချင်းနဲ့အတူသွားအိပ်ခိုင်းလို့လဲ ဟမ်!''

" ဘာဖြစ်လဲ သူတို့နဲ့ကမွေးကတည်းကအိပ်လာတာ
မင်းနဲ့ဘာဆိုင်လို့လဲ''

ပြန်ခံကာပြောလာသူကြောင့် စိုင်းသူရအောင်လန့်သွားသည်။ ဟုတ်ပ။သူ့နှင့်ဘာဆိုင်လို့လဲ။ သူနဲ့ဘာမှမဆိုင်ဘဲ။မဆိုင်ပဲနဲ့ စိတ်ဆိုးလို့မှမရတာ။ သူတကယ်ပဲဘာဖြစ်ချင်နေတာပါလိမ့်။ စိုင်းသူရအောင် မင်းနဲ့ဘာဆိုင်လို့လဲ ဘာမှမဆိုင်ဘူး မင်းနဲ့က....  တွေးရင်းပင် စိုင်းသူရအောင်မျက်ဝန်းတို့အလိုမကျမှုတွေနဲ့ပြည့်လာကာ တံခါးတစ်ဖက်မှရှိသူအားမကြည့်တော့ပဲထွက်သွားရန်ပြင်လိုက်သည်။

" မင်းး..တံခါးဖွင့်...မင်း..မင်းးး '' အနောက်ကနေအော်ခေါ်နေသည့်အသံအားမကြားတာမဟုတ်သော်လည်း သူ့ဉီနှောက်ထဲတွင် မင်းနဲ့ဘာဆိုင်လို့လဲ
ဆိုသည့်စကားများပင် ပဲ့တင်ထပ်နေ၏။

ကျောခိုင်းကာလှည့်ထွက်သွားသူအား စိတ်တိုလာ၍ အနီးနားရှိသစ်ပင်ပေါ်တက်ကာ ကျော်ဝင်ရန်ပြင်တော့သည်။ ခက်တာက အတက်က သစ်ပင်ရှိလို့
အဆင်ပြေပေမဲ့ ခြံထဲတွင် ဘာပင်မှရှိမနေ။ ရှစ်ပေကျော်အုတ်တံတိုင်းပေါ်ကနေလည်း သူခုန်ချဖို့ မရဲပေ။

သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete Where stories live. Discover now