အလုပ်များရခြင်း အကျိုးကျေးဇူးသည် ကိုယ်မတွေးလိုတော့အတွေးတို့ကို မတွေးမိပေ။ မတွေးမိရအောင်ဆိုတာလဲ စိုင်းသူရအောင် တစ်ယောက် သူမျက်စိရှေ့တွင် ပေါ်မလာသည်မှာလည်း သုံးလေးငါးရက်ပင်ရှိတော့မည်။ ဘယ်လာတော့မလဲ သူ့အချစ်ဆီသွားမှာပေါ့ ..သူကိုသတိတောင်ရမည်မဟုတ်တော့ချေ။ အရင်က အဆင်ပြေသွားရင်
ဝယ်ကြွေးခိုင်းမည်ဆိုသည့်အတွေးတို့လည်း ခွေးကြွေးလိုက်လေပြီ။ သူအခြားလူရဲ့ချစ်သူအပေါ်ကိုလောဘမတတ်သင့်ပေ။ ငရဲကြီးလိမ့်မည်။" ဇေနိုင်လေး အောင်အောင်ကို အပေါ်ထပ်သွားကြည့်ပေးပါအုံးကွယ် အဲ့ကလေး မနက်ကမှပြန်ရောက်တယ်ထင်ပ ဒီနေ့ သူ့မိဘတွေလာမှာကိုကွယ် ''
"သူဌေးတို့ခုလေဆိပ်လူသွားကြိုတယ်ဆိုတာ စိုင်းသူရအောင်မိဘတွေလား ကြီးမေ ''
"ဟုတ်ပ အဲ့ကလေး အပြင်မထွက်အောင်ကြီးမေကိုကူကြည့်ပေးပါအုံးကွယ်..အောင်အောင်က သူ့မိဘတွေလာရင်အိမ်ကိုမကပ်ဘူး''
"ဟုတ် အဲ့ဆို သား အပေါ်တပ်ကြည့်လိုက်အုံးမယ်နော်''
"အေး အေး သွား သွား ''
စိုင်းသူရအောင်ခုတလောအိမ်မကပ်တာသူမိဘတွေပြန်လာမဲ့ကိစ္စကြောင့်ကိုးးး အဲ့တာကိုသူကိုရှောင်နေသလားဆိုပြီး စိတ်ပူနေခဲ့တာ။ ခုတော့ တော်သေးတာပေါ့။ ဟူး......
"စိုင်းသူရအောင် စိုင်းသူရအောင်... ဟေ့..အောင်အောင် ''
ပြန်ထူးသံမကြားလို့ တံခါးဖွင့်မည်အလုပ် ဘေးခန်းကနေစိုင်းသူရအောင် ထွက်လာသည်။ မျက်လုံးတို့နီရဲနေသည်ကိုကြည့်ရတာ မနေ့ညက မအိပ်ပဲနေသည် ဖြစ်ရမည်။ မနက်မှပြန်လာတာဆိုတော့ ဘယ်များသွားခဲ့တာပါလိမ့်။
" ဝင်ခဲ့လေ ''
ဝင်သွားသည့်အခန်းလေးက သိပ်မကျယ်ပေ။အလယ်တွင် ကားပုံစံမွေ့ယာလေး၊ဘေးတွင်စာကြည့်စားပွဲလေးနှင့် ထောင့်လေးတွင်တော့ ကပ်ထူပုံးတွေ သုံးလေး ငါးပုံးစီထားသည်။
" ငါငယ်ငယ်တုန်းက ကိုကိုနဲ့အတူအိပ်တဲ့နေရာလေ''
ရင်ထဲနင့်သွားသည်။ အပြုံးမပျက်သာ ပြန်ပြောလိုက်သည်။ ခုအဖြစ်အပျက်သာ ဇာတ်ကားသာဆို အကောင်းဆုံးဇာတ်ပို့ဆုကို သူရရှိလိမ့်မည်။
YOU ARE READING
သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete
Romance"မင်းကော နောက်ဆယ်နှစ်ကြာသွားရင် ငါကိုချစ်ပါအုံးမလား'' "မင်းကငါအမြဲတမ်းချစ်ပါမယ်လို့ပြောတာတောင်မယုံချင်ဘူးလေ အဲ့ကြောင့် ဒီအစီအစဥ်ကိုလုပ်လိုက်ရတာ ငါတို့ဆယ်နှစ်ကိုတစ်ကြိမ်လက်ထပ်မယ် ငါးနှစ်တစ်ကြိမ်ဆိုလည်းရတာပဲ တစ်ကြိမ်လက်မှတ်ထိုးပြီးတိုင်း ငါအချစ်တွေက...