အခန်း(၂၄)

69 5 0
                                    

တဖြောက်ဖြောက်နဲ့ကျနေသောစနေမိုးသည် ဆဲမည့်ပုံမပေါ်သေးပေ။ ညထိတိုင်အောင် ရွာနေသောမိုးကြာင့် သူတို့နှစ်ယောက်အိပ်ယာပေါ် တက်ကာ အေးအေးနှင့်ကွေးနေကြသည်။

ဇေနိုင် သူကိုဖတ်ကာအိပ်နေသူအား တစ်ချက်ကြည့်လိုက်သည်။စောနကတော့လေကြီးမိုးကြီးဖြင့် ချစ်ကြည်နူးတစ်တီတူးပါရစေဆိုပြီး အိပ်ယာပေါ် ခေါ်တင်ခဲ့တဲ့သူမဟုတ်သည့်အတိုင်းအိပ်ပျော်နေသည်။

ဇေနိုင်အူးယားစွာဖြင့် နှာခေါင်းလေးညစ်လိုက်တော့ အင်းးးးး ဆိုပြီးသံရှည်ဆွဲကာ ခေါင်းလှည့်သွားသည့် စိုင်းသူရအောင် ကြောင့် ခပ်ဖွဖွရယ်မိသွားသည်။ တော်တော်လေးပင်ပန်းပြီထင် ခဏနဲ့ပြန်အိပ်ပျော်သွားပြီး ဟောက်သံတောင်ထွက်လာသည်။ထို့ကြောင် ဇေနိုင်လည်း စောင်အပါးလေးကိုဆွဲကာ ရင်ဘက်အပေါ်ထိ ခြုံပေးလိုက်သည်။
.
.

ဘေးနားက တစ်ချက်တစ်ချက်တုန်တက်သွားသည့်ခန္ဓာကိုယ်လေးကြောင့် စိုင်းသူရအောင် နိုးလာသည်။နာရီကြည့်တော့ ၁၁သာရှိသေးသည်။
တစ်ခါတစ်ခါဆို ရှိုက်သံလေးတွေပါထွက်လာသည် ဇေနိုင်ကြောင့် စိုင်းသူရအောင် ဇေနိုင်ကို သူ့ဘက်ဆွဲလှည့်လိုက်သည်။

လက်ထဲတွင်လင်းနေသည့်ဖုန်းနှင့် မျက်ရည်တွေစီးကျနေသော မျက်နှာလေးကြောင့် စိုင်းသူရအောင်သိလိုက်လေပြီ။ သူ့ချစ်သူကတော့ ဝတ္ထုထဲ စျာန်ဝင်သွားပြန်ပြီထင်သည်။

"စိုင်းသူရအောင်... ဒီထဲမှာလေ ဆယ်နှစ်လောက်ချစ်ခဲ့ကြပြီး ကွဲသွားကြတာ နောက်ကျတော့ပိုချစ်တဲ့တစ်ယောက်က မခံစားနိုင်လို့.......သေသွားတယ်.....''

ပြောလေငိုလေနဲ့ ပိုဆိုးလာတဲ့သူကို စိုင်းသူရအောင် မျက်ရည်တွေသုတ်ပေးလိုက်သည်။

"ဝတ္ထုတစ်ပုဒ်ပါပဲ...အပြင်မှာအဲ့သလိုတွေမရှိပါဘူး တိတ် မငိုနဲ့လေ နော်.''

"သူတို့က လက်ထပ်ထားကြတာ အဲ့တာတောင် semeကောင်က ဖောက်ပြန်တယ်!!''

"အွန်းးး ငါသွားရိုက်ပေးမယ် မငိုနဲ့ တိတ်တော့နော်''

ကလေးဆန်ဆန်ချော့လိုက်တော့ တိတ်ကျသွားပေမဲ့ မျက်ရည်ဝဲဝဲနဲ့ပင် သူကိုကြည့်လာသည်။

သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete Where stories live. Discover now