အခန်း(၁၂)

39 2 0
                                    

ဇေနိုင် စိုင်းသူရအောင်ကိုရှောင်နေမိသည်။သူ့အတွေးတွေကိုသေချာသိပြီးနောက်ပိုင်း သူစိုင်းသူရအောင်ကိုမတွေ့ရဲပေ။ တကယ်တော့ သူ စိုင်းသူရအောင်သူမဟုတ်တဲ့အခြားတစ်ယောက်နဲ့ပျော်ရွှင်နေတာကို သူမကြည့်ချင်တာကြောင့်လဲပါသည်စိုင်းသူရအောင်ကို တွေ့မိတိုင်း သူ့ကိုယ်သူ့ တတိယကြားလူလို့ထင်မိသည်။သူ့ပထမဆုံး အချစ်တစ်ခုသည် မစရသေးခင်ကပင်ရှုံးနှင့်နေပြီ။
.
..
.
..
"ဇေနိုင်လေး ''

"ဟုတ် ကြီးမေ''

" အောင်အောင်ကိုသွားခေါ်လိုက်ပါအုံး မနက်ကလဲဆင်းမစားဘူး နေ့လည်ကလဲမစားဘဲပြန်တက်သွားတယ် ခုလည်းပဲကြည့် မလာပြန်ဘူး မင်းသူငယ်ချင်းကိုသွားချော့ချည်ပါအုံးကွယ် ဘယ်သူ့ကိုစိတ်ဆိုးနေတာလဲမသိဘူး ''

"ဟုတ်  ကြီးမေ'' လို့သာပြောလာတာ သူ တကယ်သွားမခေါ်ရဲဘူး။တစ်အိမ်ထဲအတူနေတာ ရှောင်ဖို့ခက်ခဲပေမဲ့ အတတ်နိုင်ဆုံးတော့သူရှောင်ခဲ့သည်။ သူ စိုင်းသူရအောင်ကိုမတွေ့ချင်ဘူး။

ဒေါက်...ဒေါက်...

" စိုင်းသူရအောင် ကြီးမေက ထမင်းစားရအောင်အောက်ဆင်းခဲ့အုံးတဲ့ ''

ဖွင့်မလာတဲ့တံခါးကို ခဏကြည့်ပြီးနောက် အောက်ပြန်ဆင်းရန်ပြင်လိုက်စဉ် ကလောက် ဟုသောအသံနှင့်အတူ တံခါးဖွင့်သံကြားလိုက်ရသည်။

"မင်း ငါကိုဘာလို့ရှောင်နေတာလဲ''

ဇေနိုင် ကြောင်ပြီးရပ်ကြည့်နေသည်။ ခု သူတို့နှစ်ယောက်အခြေအနေက ည၈နာရီကိုရီးယားကားပုံစံကြီး၊တံခါးဖွင့်ကာမေးနေတဲ့လူတစ်ယောက်နဲ့ကြောင်ပြီးရပ်နေတဲ့လူတစ်ယောက် ပတ်ဝန်းကျင်ကတိတ်ဆိတ်နေကာ အပ်ကျရင်တောင်အသံကြားရလောက်သည်။ကျစရာအပ် စိုင်းသူရအောင်အခန်းထဲတွင်မရှိဘူးဆိုသော်လည်း...

"ဖြေလေ ''

" မရှောင်ပါဘူး ဘာလို့ရှောင်ရမှာလဲ ''

" ငါ ကိုကို ကို ဒီညပြောလိုက်တော့မယ် ထပ်မစောင့်ချင်တော့ဘူး ''

ဖြစ်လာမယ့်အကြောင်းဆိုပေမဲ့ တကယ်လက်တွေ့ရင်ဆိုင်လိုက်တဲ့အခါ မနာကျင်ဘူးလို့ပြောရင် လိမ်ရာကျမည်လေ။ ရင်ထဲနာကျင်တာက ဘယ်လိုခံစားရလည်းမသိပါဘူး ဒါပေမဲ့ အခုခံစားရတာတွေက
နာကျင်နေတာဆိုရင် ဟုတ်သည်။ သူတအားနာကျင်ရပါသည်။ဒါတောင် သူစိတ်သူသိတာ မကြာသေးလို့။ အချိန်တွေများကြာသွားရင်သူ ရူးသွားမလားတောင်မသိပေ။ တော်သေးတာပေါ့။ တကယ်ကို တော်သေးတာပေါ့။ .

သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete Where stories live. Discover now