အခန်း(၁၉)

41 3 0
                                    

ဘေးနားဘုရားကန်တော့ကာ အိပ်ရန်ပြင်နေသည့် ဇေနိုင်အား စိုင်းသူရအောင်ငေးကြည့်နေသည်။ ခုတလော သူလည်းဘယ်လိုဖြစ်နေလဲမသိ ဇေနိုင်ကိုပဲ ငေးကြည့်ချင်နေသည်။

" ဘာတွေကြည့်နေတာလဲ အိပ်''

ဘောက်ဆတ်ဆတ်နဲ့ပြောလာသူ  ပါးကိုဆွဲပြီး သူ့ကိုယ်ပေါ်တင်ပစ်လိုက်သည်။ မျက်လုံးအပြူးသားနဲ့ကြည့်နေသူကြောင့် သူမှာ ပိုပိုပြီး ချစ်လာရပါသည်။

" ငါ မင်းတို့မိသားစုကိုသိပ်အားကျတာပဲ ငါ့ကောင်လေးက အတော်ကံကောင်းတာပဲ ''

သူ့ချစ်သူ ကံကောင်းတာလဲ မပြောနဲ့။စိတ်ထားလေးကလည်း ကောင်းတာကိုးး  ညနေခင်းက မြို့ကသူဝယ်လာတဲ့လက်ဆောင်တွေနှင့် တစ်အိမ်လုံးလိုက်ကန်တော့နေသည်လေ။ တစ်ယောက်အတွက်မှမကျန်ခဲ့ပေ။ ဤသည်ကို ကြည့်ခြင်းဖြင့် ဇေနိုင်အတွက် သူ့မိသားစုကဘယ်လောက်အရေးပါသလဲဆိုတာ အသိအသာပင်။ အဘိုးအဘွားတွေကလည်း ချစ်လိုက်တာမပြောနဲ့ အလိုက်သိတာကိုး..

သူမေကိုနားကပ်လေးပေးတုန်းကဆိုရင် သူကိုချီးကျူးပေးသေးတာ အဲ့လောက်အလိုက်သိတတ်တဲ့ကောင်လေး ဘယ်မှာမှဝယ်လို့မရလောက်ဘူး။အပြုအမှုလေး တစ်ခုခြင်းစီကိုက သူကို ပိုပိုချစ်အောင်လုပ်နိုင်သည်။

" အမေကိုကန်တော့တုန်းကလေ  စိုင်းသူရအောင်ရွေးပေးထားတာ မေမေ ဆိုပြီးကိုယ်ကိုအမှတ်တိုးအောင်လုပ်ပေးတဲ့ကောင်လေးကို ကျေးဇူးတင်ပါတယ်ခင်ဗျ''

ဇေနိုင်ရှက်သွားသည်။အမေလို့ခေါ်ရအောင် သူတို့နှစ်ယောက်ဘာဆိုင်လို့တုန်း ဟမ် အံဩပ

" အမ်း အဲ့တာက ဘယ်လိုပြောရမလဲ ....

စကားထစ်နေတဲ့ကောင်လေးအား အူယားစွာရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

"ဒါနဲ့  မင်းအမေကို ငါမတွေ့ဘူးနော်''

ဇေနိုင် စိုင်းသူရအောင်ကိုမေးလိုက်သည်။ သူစိုင်းသူရအောင် ဝမ်းနည်းသွားမှာကိုကြောက်ပါသည်။သို့ပေမဲ့ သူမနေနိုင်လို့မေးလိုက်တာ ဖြစ်သည်။ သူ့အမေကို လာတုန်းတစ်ခေါက်ပဲမြင်မိပြီးနောက် မတွေ့တော့လို့လေ။

သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete Where stories live. Discover now