အခန်း(၂၂)

43 3 0
                                    

ဇေနိုင် စိုင်းသူရအောင်နှင့်တစ်ခါသာရောက်ဖူးတဲ့ ထိုကျွန်းအိမ်ကြီးတွင်ရောက်ရှိနေသည်။ အကြောင်းမှာ စိုင်းသူရအောင်၏အမေခေါ်သောကြောင့်ပင်။ သူ့ဖုန်းနံပါတ်ကို မည်သို့မည်ပုံ ရရှိသွားသည်မသိ ၊ သူ့အားဖုန်းဆက်ကာ ထိုအိမ်သို့ခဏလာရန်ပြောသည်။

အိမ်ရှေ့ဧည့်ခန်းတွင် ထိုင်ကာ ဇေနိုင်တိတ်တိတ်လေးသက်ပြင်းချလိုက်သည်။ သူ့အသင့်ပြင်လာပြီးသားပင်..  ကိုရီးယားကားတွေထဲကလို ပိုက်ဆံထုပ်နဲ့ပစ်ပေါက်ပြီး ငါ့သားနဲ့ဝေးဝေးနေ လို့ပြောလာခဲ့ရင် သူကတော့ တောင်းပန်ပါတယ်မလုပ်နိုင်ပါဘူး လို့ ပြောပြီး ပိုက်ဆံထုပ်ယူကာ
ပြေးမည်။ ပိုက်ဆံလည်းရမည် စိုင်းသူရအောင်နဲ့လည်းတွဲမည်။ စတွဲမယ်လို့ဆုံးဖြတ်ထားတည်းက သူ့ပြတ်ဖို့အတွေးလုံးဝမတွေးပါ။

ရေနဲ့ပက်ခဲ့သည်ရှိသော် သူကတော့သနားစရာဇာတ်လိုက်မင်းသမီးလုပ်ပြီး စိုင်းသူရအောင် လာကယ်သည့်ဇာတ်ကွက်ကို အသက်သွင်းလိုက်မည်။အဲ့လိုဆို စိုင်းသူရအောင်ကလည်းသူကိုပိုချစ်သွားလိမ့်မည်......

လက်ထဲကိုင်ထားသည့် ဖုန်းကိုဇေနိုင်ခဏခဏကြည့်နေမိသည်။ သူ့စိုင်းသူရအောင်ကို အကျိုးအကြောင်း ပြောကာ ခေါ်ထားသည်။သူ့ရင်တွေအခုန်မြန်နေသည့်အတွက် သူ့စဥ်းစားထားသလိုလုပ်နိုင်မလားမသိတော့ပေ။လောလောဆယ်တော့ သူအရမ်းကြောက်နေမိသည်။

" သား​ စောင့်နေတာ ကြာသွားပြီလား ''

အသံလာရာကိုကြည့်တော့ စိုင်းသူရအောင်အမေ၏ပြုံးနေသောမျက်နှာကိုတွေ့သည်။သား
လို့လည်းခေါ်တယ်ဆိုတော့ အခြေအနေကကောင်းလောက်တယ်မလား.....

"ဟုတ်... မဟုတ်... မကြာသေးပါဘူးဗျ
''
အရေးနဲ့အကြောင်းနဲ့ဆို တလွဲတွေသာထွက်တဲ့ပါးစပ်ပေါက်ကို နာနာသာရိုက်လိုက်ချင်တော့သည်။

" အန်တီတောင်းပန်ပါတယ် ဘုရားပန်းလဲနေတာနဲ့ နည်းနည်းနောက်ကျသွားတယ်''

" ဟုတ် ရပါတယ်ခင်ဗျ ''

"မင်းတို့ ပိုင်ပိုင်တို့အိမ်ကို မပြန်ဘူးဆို ဘယ်မှာနေကြတာလဲ အဆင်ရောပြေကြရဲ့လား''

သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete Where stories live. Discover now