အခန်း(၁၈)

42 2 0
                                    

နေ့လည်ခင်းတစ်ရေးလောက် စိုင်းသူရအောင်အိပ်လိုက်သည်။ တကယ်တော့ သူမနေ့ညကတည်းက မအိပ်ရသေးတာပင်။ထို့ကြောင့် ဇေနိုင်သည် သူ့အားအတင်းအိပ်ခိုင်းသည်။

"စိုင်းသူရအောင် စိုင်းသူရအောင် ထ ထ''
ခါတိုင်းဆို သူပြန်အိပ်မှာဖြစ်ပေမဲ့ သူ့ချစ်ချစ်အိမ်ဆိုသည့်အကြောင်းအရာက သူမျက်လုံးတွေအား ချက်ချင်းပွင့်စေ၏။

ဇေနိုင်ထပ်နိုးသည်။ ''စိုင်းသူ..''

"ဘာလဲ '' စိုင်းသူရအောင်အသံတို့မှာ နည်းနည်းမကျေမချမ်းဖြစ်နေသည်။ ဟုတ်ပါတယ်။သူခဗျာကားမောင်းလာတာ အိပ်ချင်နေရှာမှာပေါ့။ နိုးမိတဲ့သည့်အတွက် နောင်တတောင်ရသွားသည်။

"ဘာမှမဟုတ်ဘူး ပြန်အိပ် ကျွတ် ကျွတ်''

နိုးနေမှပဲ ပြန်အိပ် ကျွတ် ကျွတ် တဲ့ ။ အခြားလူသာဆိုရင် သူထထိုးမှာဖြစ်ပေမဲ့ အခုက သူချစ်ချစ်ရဲ့အပြုအမှုလေးတွေဆိုတော့ သူမှာအချစ်တွေမတိုးပဲကိုမနေနိုင်ပေ။

"ဘာတုန်း''
စိုင်းသူရအောင် ဇေနိုင်ခါးအား အိပ်နေရင်းပင်လှမ်းဖက်သည်။ဇေနိုင်ကိုယ်လေး တောင့်သွားပြီး တံခါးကို ခဏခဏလှမ်းကြည့်နေတဲ့ သူ့ချစ်သည်းညှာလေးကြောင့် မလွှတ်ချင် လွှတ်ချင်နဲ့ သူလွှတ်ပေးလိုက်ရသည်။

" ထန်းရည်သွားသောက်ရအောင် ဟိုနှစ်ကောင်လာခေါ်နေပြီ ''

"မင်းအိပ်ချင်သေးရင် ဆက်အိပ်လေ ငါပဲသွားလိုက်မယ် ''

ရူးနေလို့ သူ့ချစ်သူကိုတစ်ယောက်တည်းသွားခိုင်းရမှာလား။ ပြီးတော့ ဇေနိုင်မူးနေရင် ဘယ်လိုလုပ်မလဲ ။ စိုင်းသူရအောင် ချက်ချင်းထ ထိုင်သည်။ ''လိုက်မှာ ငါသေချာပေါက် လိုက်မှာ''


အိမ်ရှေ့တံခါးကနေမထွက်ပဲ အိမ်နောက်ဘေးကနေကုတ်ချောင်းကုတ်ချောင်း နဲ့ထွက်နေတဲ့သူကို စိုင်းသူရအောင်ကြည့်ပီး မနေနိုင်စွာပင် ခါးကနေဆွဲကာ နားရွက်အားတစ်ချက်ကိုက်လိုက်သည်။ ဟိုကတော့ သူအားတွန်းထုတ်ပြီးထွက်ပြေးသွားတော့သည်။ သူကိုကြောက်နေပြီထင်ပါရဲ့။ ဇေနိုင်ကိုချစ်မိပြီးနောက် လက်ရဲဇက်ရဲ ဖြစ်လာတဲ့ သူကိုယ်သူလည်း စိုင်းသူရအောင် အံဩမိပါသည်။
.
..
.
..
"မင်းကွာ ကြာတာ ငါနဲ့အရှည်ကြီးဖြင့်စောင့်နေတာ ကြာပြီ''

သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete Where stories live. Discover now