အခန်း(၂)

85 4 0
                                    

ယခုဆိုလျှင် သူ ဇေနိုင်သည်ထိုလောက၏ဆရာတစ်ဆူနီးပါးပင်ဖြစ်လာလေပြီ။ နှစ်နှစ်လောက်ကြာပြီးချိန်မှာပေါ့. .. ..

အတွေးယာဉ်ကြောထဲပိတ်မိနေတုန်းပင် အရပ်အနည်းငယ်ပုသည့်ကိုလူချောသည် သူဘေးမှဖြတ်၍ကားထဲဝင်ကာမောင်းထွက်သွားသည်။
ဇေနိုင်လည်းသိချင်ဇောဖြင့် အလျင်အမြန်ပင် ကျန်ခဲ့တဲ့လူအား ကြည့်လိုက်မိသည်။

ထိုသူ....ထိုသူသည်..........
မြေပြင်ပေါ်တွင်ဆောင့်ကြောင့်ထိုင်ကာ လက်နှစ်ဖက်ဖြင့် မျက်နှာအားကွယ်ထားသည်။ ခန္ဓာကိုယ်သည်တုန်ယင်နေကာ ငိုနေပုံရသည်။

ဇေနိုင်စိတ်မကောင်းဖြစ်သွားသည်။ သူနားလည်သည်။ ဤသို့သောအချစ်တွေက ခက်ခဲ၏။
တစ်ဉီးကိုတစ်ဉီးယုံကြည်ရန်လည်းလိုအပ်သည်။ ပတ်ဝန်းကျင်ကိုလည်း ရင်ဆိုင်ရ၏။ပတ်ဝန်းကျင်မပြောနှင့် အိမ်ကလူကြီးတွေကြောင့်လည်း ကွဲကာခဲ့တဲ့အချစ်တွေကဘယ်လောက်တောင်ရှိနေပြီလဲမသိ။ တစ်ချို့အသက်ပါပေးခဲ့ကြတဲ့လူတွေလည်းရှိသည်။ ဇေနိုင်လည်း အထီးကျန်နေတဲ့ပုံရိပ်လေးကိုကြည့်ကာ အားပေးနှစ်သိမ့်ပေးချင်တဲ့စိတ်တွေ အလုံးအရင်းကိုဝင်ရောက်လာလေသည်။အသိစိတ်ဖြင့် tissue တစ်လိပ်ကိုယူပြီး ငိုနေပုံရသောထိုကောင်လေးနားသို့ သွားရန်ပြင်လိုက်စဉ်.

"ဂျွတ်"

ဇေနိုင်မျက်ဆံလှန်မိသည်။သူ ခိုးလုပ်နေတာမဟုတ်ဘူးလေ. အဘယ်ကြောင့်များ မြန်မာကားတွေထဲကလို သစ်ကိုင်းခြောက်တွေတက်နင်းမိနေရတာတုန်းးးးး..ဟမ်! တစ်ခုကောင်းတာကတော့ ဟိုဘက်ကမြန်မာကား ကြည့်ပုံမရ။ ခေါင်းကိုမော့မလာပေ။

"ဒီ မှာ...."
စကားသံပင်မဆုံးသေးပေ ထိုsemeကောင်သည် မော့ကြည့်လာသည်။ မျက်နှာပေါ်တွင်လည်းငို
နေသည့်အရိပ်အယောင်တစ်စက်မှမတွေ့။
။ထိုအစား ထိုကောင်၏မျက်နှာပေါ်တွင် တွန့်နေသည်ဆိုရုံမျှသာဖြစ်တည်နေသော အပြုံးတစ်ခု၊ အပြုံး
မမည်သောအပြုံးတုတစ်ခု၊ အရှင်းဆုံးပြောရမည်ဆိုလျှင် လှောင်ပြုံးတစ်ခု...

စိုင်းသူရအောင် ငိုမနေပါ။ သူနောက်ဆုံးငိုမိတဲ့အချိန်ကိုတောင် မမှတ်မိတော့ပေ။ ငိုတယ်ဆိုတာ လူညံလူအတွေရဲ့လုပ်ရပ်တွေဖြစ်သည်။ သူသည်လုံးဝဘယ်သောအခါမှ ငိုမည်မဟုတ်ပေ။သူလုပ်ရပ်တွေနဲ့ပတ်သတ်၍ အမနွယ်နွယ်ကို တောင်းပန်လိမ့်မည်မဟုတ်။ သူမှန်သည်ဟုထင်သည်။ နေမကောင်းတာတောင် အလုပ်ကိုကြိုးစားနေသော ကိုကို ကိုမကြည့်ရက်တာကြောင့် လေယာဉ်လက်မှတ်စုတ်ဖြဲလိုက်ပြီး အမနွယ်နွယ်ကို အခြားနိုင်ငံတစ်ယောက်တည်းသွားခိုင်းလိုက်သည့်အပေါ်
လုံးဝ စိတ်မကာင်းမဖြစ်ပါ။ ကိုကိုနဲ့အမနွယ်နွယ် အတူတူရှိနေသည်ကိုလည်း သူ့စိတ်ထဲလုံးဝသဘောမကျပေ။ဘယ်လိုပဲအလုပ်ရှင်နဲ့အလုပ်သမားပဲဆိုဆို သူသဘောမကျပါ။ အရေးကြီးတာကတော့ နောက်လရှေ့ပတ်အတွင်းမှာကျရောက်မယ့် ကိုကိုမွေးနေ့ပွဲကြောင့် လည်းပါသည်။ ကိုကိုက ထိုနေ့ သူနဲ့အတူခရီးသွားမယ်လို့ဆိုထားသောကြောင့်ပင်။ အခုဘယ်လောက်ပဲကိုကိုစိတ်ဆိုးနေနေ မနက်ဖြန် ကျရင် စိတ်ဆိုးပြေသွားလိုက်မည်။ ကိုကိုသည် သူ့အပေါ်တွင် အမြဲ အဲ့လိုပင်ဖြစ်သည်။ကိုကို ပါမသွားဖို့အရေးကြီးတာလေ.. ဒီတစ်ခေါက်အောင်နိုင်သူက
သူပဲ" လို့တွေးလိုက်မိချိန်တွင် အလိုအလျောက်ပင် နှုတ်ခမ်းတို့က တွန့်ကွေးကုန်သည်l။

သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete Where stories live. Discover now