အခန်း(၁၄)

36 2 0
                                    

စိုင်းသူရအောင်အဖေနဲ့မျက်နှာချင်းဆိုင်မတွေ့လို့သောကြောင့်ရှောင်ချင်ပါသည်ဆိုနေကာမှ ဒီနေ့ကတနင်္ဂနွေနေ့ဖြစ်နေသည်။ ထို့ကြောင့် မတတ်သာပဲ ကြည့်ကြပ်ကာ နေနေရသည်။ စိုင်းသူရအောင်ကိုလည်းမတွေ့သလို့ သူအမေကိုလည်းမတွေ့မိပေ။
ထားပါတော့လေ... သူ ဟိုကောင်ကိုလွမ်းမနေပါဘူး။သတိလည်းရမနေပါဘူးနော် အားအားယားယား

ဇေနိုင်လည်း တစ်နေ့ကုန် ထူးထူးနဲ့အတူ သရက်ပင်အရိပ်အောက်သွားကာ ဆော့နေလိုက်တော့သည်။

ညနေ နေအေးတဲ့အချိန်တွင် ကိုကိုကားဝင်လာသည်ကို မြင်သည်နှင့် မျောက်အုန်းသီးရသလို
ခုန်ပေါက်ပျော်ရွှင်စွာထွက်သွားသည့် ထူးထူးနောက်လိုက်ကာ ကိုကိုအားပျော်ရွှင်စွာ သွားကြိုလိုက်သည်။

ကားထဲမှထွက်လာသည့်ကိုကိုအား ဇေနိုင် ရယ်ပြလိုက်ကာ အိတ်လှမ်းယူရန် လက်လှမ်းလိုက်ပြီး

" ကိုကို ကျွန်တော့်ကိုအိတ်..ပေး... ''

စကားမဆုံးသေးခင် စိုင်းသူရအောင် ကားထဲက ထွက်လာသည်ကိုမြင်တော့ သူ့ရင်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိ။ ရုတ်တရက်ကြီး နေရတာ အဆင်မပြေဖြစ်လာသည်။

"ကိုကို '' လို့ခေါ်လိုက်တဲ့ဇေနိုင်အသံကြောင့် စိုင်းသူရအောင် ဖွင့်ထားသည့်ကားတံခါးအား ပြန်မပိတ်မိပဲဇေနိုင်အားကြည့်နေသည်။

စောက်ကျိုးနည်းဘာတွေဖြစ်ကုန်တာလဲ သူထွက်သွားတာတစ်ရက်တောင်မပြည့်သေးဘူး အခေါ်အဝေါ်တွေက ဘာဖြစ်သွားတာလဲ

စိုင်းသူရအောင် ရုတ်တရက်စိတ်ခုသွားပြီး ကိုကိုအိတ်ယူရန်လှမ်းနေသော ဇေနိုင်လက်အားတမင်သက်သက် တိုက်ကာအိမ်ထဲဝင်လာလိုက်သည်။.
.
..
.
..
...

အိမ်ထဲ၌ မျက်နှာထားတည်တည်နဲ့ထိုင်နေသော သူအဖေဖြစ်သူအား ကျော်ကာအိမ်ပေါ်တက်ရန်ပြင်လိုက်စဥ်  သူအဖေဖြစ်သူမှ ခေါ်လိုက်သံအားကြားကာလှည့်ကြည့်မိသည်။

" မင်း ငါတို့နဲ့လိုက်ခဲ့တော့  အချိန်ဖြုန်းနေတာတွေတော်သင့်ပြီ ''

" ကျွန်တော် မလိုက်ဘူး ''

သူအဖေဖြစ်သူ၏မျက်လုံးကိုသေချာကြည့်ကာ တစ်လုံးချင်းပြောလိုက်သည်။ ခုမှဂရုစိုက်သလိုတွေလုပ်နေသည်။ နောက်ဆုံးသူတို့အကျိုးရှိဖို့အတွက်နဲ့ ခုမှလာပြီး ဟန်ဆောင်နေတယ်။ရယ်ရပ။ထို့နောက် ဂရုမစိုက်ပဲအပေါ်သာတန်းတက်သွားလိုက်သည်။

သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete Where stories live. Discover now