" ဇေနိုင် အတူလာစားလှည့်"
"ဗျာ.. ဟုတ်.. ရတယ်ခင်ဗျ ကျွန်တော်ထမင်းချိုင့် ပါလာတယ်"
"အဲ့ဆို လာ ထိုင်စား"
ဇေနိုင်ထမင်းချိုင့်ဖွင့်ပြီးထိုင်လိုက်သည်။ သူဌေးနဲ့စိုင်းသူရအောင်ကိုလည်း ကြီးကြီးမေကထမင်းခူးပေးလာသည်။ ဤအိမ်ကြီးတွင် အလုပ်သမားအများကြီးမရှိပေ။ထမင်းချက်ပေးသည့် ကြီးကြီးမေရယ် ၊အိမ်ထိန်းဘကြီးစံရယ်နဲ့ အကူကောင်လေးထူးထူးရယ်သာရှိသည်။ ထိုသူတို့နဲ့လည်း မနက်ကပင် ဇေနိုင်နှင့်ရင်းနှီးသွားပြီဖြစ်သည်။
ကြီးကြီးမေသည် ဇေနိုင့်ထမင်းချိုင့်လေးထဲကိုဟင်းတွေတစ်မျိုးပြီးတစ်မျိုးထည့်ပေးနေသည်။ ထိုနှစ်ယောက်ကိုကြည့်ပြီးထွဋ်ခေါင်နိုင် ရယ်မိသည်။
အားမနာနဲ့စားဆိုပြီး အပြီအပြင်ထည့်ပေးနေတဲ့ကြီးမေရယ်.
မျက်နှာပူပြီးဘာလုပ်ရမှန်းမသိတဲ့ဇေနိင်ရယ်......
တကယ်ကိုချစ်စရာကောင်းလှသည်။
.
.
.
.
.
.နေ့လယ်စာ စားပြီးနောက် hotel သွားကာ
အလုပ်အကြောင်းစလေ့လာရသည်။ သူသည်အကူဖြစ်တဲ့အတွက် သူဌေး၏အချိန်စာရင်းကိုဂရုစိုက်ရန်နှင့် သူဌေးခိုင်းသည့်အလုပ်ကိုသာ ကျေပွန်အောင်လုပ်ရန် တာဝန်ယူရသည်။ သိပ်တော့မခက်ပေ။ အခုလည်း သူဌေးကမုန့်ဟင်းခါးစားချင်သည်ဟုဆိုသောကြောင့် လမ်းတစ်ဖက်ရှိမုန့်ဟင်းခါးဆိုင်အားသွားရန် hotelမှထွက်လာချိန်တွင် ဟိုsemeကောင်နှင့်ဆုံမည်လို့မထင်ထားချေ။စိုင်းသူရအောင် ဇေနိုင်အားလက်မှဆွဲခေါ်လာပြီး နှစ်ယောက်သားဟိုတယ်မြေအောက်ထပ်ရှိကားပါကင်သို့ရောက်လာသည်။
"မင်းကို ဘယ်သူလွှတ်လိုက်တာလဲ"
" ငါမေးနေတယ်လေ..ဘယ်သူလွှတ်..လိုက်..တာလဲ
လို့....!!"အံကြိတ်ကာမေးလာသောသူကြောင့်ဇေနိုင်လန့်လာသည်။ အခုရောက်နေသည့်နေရာသည် တော်တော်ချောင်ကြသည့်နေရာဖြစ်သည်။ အပေါက်ဝကိုလည်းလှမ်းမမြင်ရပေ။အဲ့စောက်ရူးကောင်က ဘာတွေပြောနေတာတုန်း! ဘယ်သူကလွှတ်ကမှာတုန်း! အလုပ်လေးပဲလာလုပ်တာကိုလျိုဝှက်အေဂျင်တွေဘာတွေများထင်နေလား!!
YOU ARE READING
သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete
Romance"မင်းကော နောက်ဆယ်နှစ်ကြာသွားရင် ငါကိုချစ်ပါအုံးမလား'' "မင်းကငါအမြဲတမ်းချစ်ပါမယ်လို့ပြောတာတောင်မယုံချင်ဘူးလေ အဲ့ကြောင့် ဒီအစီအစဥ်ကိုလုပ်လိုက်ရတာ ငါတို့ဆယ်နှစ်ကိုတစ်ကြိမ်လက်ထပ်မယ် ငါးနှစ်တစ်ကြိမ်ဆိုလည်းရတာပဲ တစ်ကြိမ်လက်မှတ်ထိုးပြီးတိုင်း ငါအချစ်တွေက...