အခန်း(၃)

59 5 0
                                    

မြို့လယ်ကလမ်းမကြီးပေါ်၌ရှိသော ကြီးမားလှသည့်ဟိုတယ်ကြီးအားဇေနိုင်ငေးကြည့်နေမိသည်။ စာမေးပွဲပြီးတော့ အလုပ်ရှာရင်းတွေ့ခဲ့သည့် အလုပ်တစ်ခု။ သူဌေးအကူလို့ပြောပေမဲ့လည်း သူလုပ်နိုင်သည်။ သူကခဏတာပဲလုပ်နိုင်မည်လေ။ နောက်နှစ်ကျောင်းဖွင့်ရင် သူအလုပ်ကနေထွက်ရမည် ဖြစ်သည်။ ထို့ကြောင့် ပိုက်ဆံရဖို့အရေးသူသိပ်မတွေးဖြစ် ဘာပဲရရ လုပ်မည်ဟုသောစိတ်ပဲရှိသည်။ ဘွဲ့ရသည့်အခါမှ သူဝါသနာပါသော အလုပ်အားအချိန်ပေးပြီးရှာဖွေမည်ဟူတွေးထားသည်။

ဟိုတယ်ထဲသူဝင်သွားချိန်တွင် ကောင်တာမှာရှိတဲ့အမျိုးသမီးတစ်ဉီးက အပြုံးလေးဖြင့်
မေးလာခဲ့သည်။ထို့နောက်သူအား အပေါ်ဆုံးထပ် ရှိသူဌေးရုံးခန်းသို့ ခေါ်သွားသည်။

"မင်္ဂလာပါ နာမည်က သန့်ဇေနိုင် ဟုတ်တယ်မလား"

သာယာနာပျော်ဖွယ်ကောင်းသောခပ်တိုးတိုးအသံဖြင့်သူဌေးဆိုသူကဆိုလာသည်။သူသည်သူဌေးဆိုသူအား ကြောင်အအနှင့်သာကြည့်နေမိသည်။ပြီးမှ အလျင်အမြန်ပင် ဟုတ်ကဲ့ဟုဆိုရသည်။

...

လိုက်ပို့ပေးသည့်အမညွှန်ပြရာ အခန်းထဲဇေနိုင်ဝင်သွားချိန်တွင် စားပွဲပေါ်တွင်ထိုင်နေသောလူကြောင့်သူ အတော်ပင်အံဩသွားခဲ့ရသည်။ ထိုသူသည် လွန်ခဲ့တဲ့လလောက်ကသူတွေ့ခဲ့သော ukeကောင်လေးပင်ဖြစ်သောကြောင့်ဖြစ်သည်။

" တတိယနှစ်ဟုတ်လား ကျောင်းကဆက်မတက်တော့ဘူးလား "

" ဟုတ်"

အမြန်ပင်ဟုတ်ဟုဖြေလိုက်ရသည်။အလုပ်ရှင်တိုင်းလိုလိုပင်ကျောင်းကိစ္စကင်းရှင်းသူဆို ပိုသဘောကျ ကြသည်မဟုတ်ပါလား။ မဟုတ်လျှင်သူတို့လူခဏခဏရှာရလိမ့်မည်လေ။ တကယ်တော့သူညာလိုက်သည်ကို အနည်းငယ်စိတ်မကောင်းဖြစ်မိသည်။ ဘာပဲဖြစ်ဖြစ် သူအလုပ်ရမှဖြစ်မည်လေ။ သူ့မေမွေးနေ့ကို ရွှေနားကပ်လေးတစ်ရံတော့ဝယ်ပေးချင်သည်။

" အင်္ဂလိပ်စကားလဲပြောတက်တယ်ဆိုတော့ကောင်းတာပေါ့"

" ဟုတ်ကဲ့ဗျ နည်းနည်းပဲပြောတက်တာပါ"

သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete Where stories live. Discover now