မနက်5:30....
စိုင်းသူရအောင် အစောကြီးနိုးနေသည်။အဘယ်ကြောင့်ဆိုသော် ဟိုယုန်လိုကောင်ပြောလိုက်သောစကားတွေကြောင့်ပင်။ ကိုကို ကိုလိုက်ရမည်။ သူနာရီကိုကြည့်နေသည့်မှာခုနဲ့ဆိုနှစ်ခါမြောက်ပင်ဖြစ်သည်။အချိန်တွေကလဲ ကြာလွန်းသည်။ သူ ဇေနိုင်ဆိုတဲ့ကောင်လေးစကားတွေကြောင့် မထစဘူး
အစောကြီးထမိနေသည်။ သူဆယ်တန်းတုန်းကတောင်ဒီချိန်မထပေ။ ခုတော့ ဟိုယုန်လိုကောင်ကြောင့် အိပ်ရတာမဖြောင့်။ ပေါ်မလာသေးသူအား ပြတင်းပေါက်မှ မကြာမကြာမျှော်ကြည့်နေမိသည်။"Fu*k. အချိန်တွေက ကြာလိုက်တာကွာ" သူခေါင်းပေါ်ကဆံပင်တွေအားစိတ်မရှည်စွာဆွဲဖွလိုက်သည်။
မျက်လုံးကေတာ့ ပြတင်းပေါက်အပြင်က ခြံတံခါးရှေ့တွင်သာ။ခဏအကြာ ပြတင်းပေါက်မှ အရိပ်ကလေးမြင်လိုက်သည်နှင်တစ်ပြိုင်နက် မွေ့ယာပေါ်ကနေဝရုန်းသုန်းကားပြေးဆင်းကာ လေအလျင်ဖြင့်အိမ်ရှေ့ရောက်သွားသည်။ အိမ်ရှေ့ရောက်တော့ လူလေးယောက်ရဲ့ထူးထူးဆန်းဆန်းမျက်လုံးတွေကိုရင်ဆိုင်လိုက်ရသည်။ထိုသူတို့မှာ
ကြီးမေ၊ဘကြီးစံ၊ထူးထူးနှင့်ဇေနိုင်တို့ပင်ဖြစ်သည်။"အောင်အောင် အစောကြီးပါလား ၉နာရီရှိသေးတယ်" ကြီးမေကဆိုလာသည်။ ကျန်တဲ့သုံးယောက်မှာခေါင်းတငြိမ့်ငြိမ့်ဖြင့် သူအားကြည့်နေကြသည်။
သူအနည်းငယ်တော့ရှက်သွားသည်။ သူအစောကြီးထတာအဲ့သလောက်အံ့ဩဖို့ကောင်းနေသလားးးး။ စိုင်းသူရအောင် အကြည့်တွေကို လျစ်လျူရှုပြီး ဇေနိုင်လက်အားဆွဲကာ ထမင်းစားခန်းထဲသို့ခေါ်လာလိုက်သည်။"...........''
စိုင်းသူရအောင်ဘာပြောရမှန်းမသိတော့ပေ။ထို့ကြောင့်ဇေနိုင်အား ကြောင်ကြည့်နေမိသည်။ သူဘာပြောရမလဲ... ကိုကိုလိုက်ဖို့အကြောင်းလား၊ ညကအိပ်မရတဲ့အကြောင်းလား၊မနက်အစောကြီးသူကိုစောင့်နေရတဲ့အကြောင်းကိုလားး..
၊ သူဘာပြောရမလဲ.....
သူစဉ်းစားနေတုန်းပင် ဇေနိုင်ရဲ့မျက်ခုံးတို့တွန့်လာကာ စိတ်မရှည်ပုံပေါက်လာသည်။"မင်းဘာပြောချင်တာလဲ...ဟမ်.ငါကိုဆွဲခေါ်လာပြီးအလှထိုင်ကြည့်မလို့..လား"
YOU ARE READING
သောကြာယုန်အား အချစ်တွေပုံ၏ ❤ Complete
Romance"မင်းကော နောက်ဆယ်နှစ်ကြာသွားရင် ငါကိုချစ်ပါအုံးမလား'' "မင်းကငါအမြဲတမ်းချစ်ပါမယ်လို့ပြောတာတောင်မယုံချင်ဘူးလေ အဲ့ကြောင့် ဒီအစီအစဥ်ကိုလုပ်လိုက်ရတာ ငါတို့ဆယ်နှစ်ကိုတစ်ကြိမ်လက်ထပ်မယ် ငါးနှစ်တစ်ကြိမ်ဆိုလည်းရတာပဲ တစ်ကြိမ်လက်မှတ်ထိုးပြီးတိုင်း ငါအချစ်တွေက...