-1-

24.2K 951 17
                                    

Unicode



"ဟေ့! ဟေ့! မင်းရည်းစား မင်းထိန်းနော် .. မကိုဋ်ဒေးမောင်! ငါတို့ကိုလိုက်ရိုက်နေတယ်ဟ! "

"နင်တို့မဟုတ်တာမပြောနဲ့ ငါတို့က ရိုးရိုးသားသားသူငယ်ချင်းတွေ!"

ကော်ရေတာတစ်လျှောက်ပျံ့လွင့်လာတဲ့စကားပြောသံတွေ ။

တဝါးဝါးအော်ဟစ်ရယ်မောနေကြတဲ့ယောကျ်ားလေးအုပ်စုကြီးကြားမှာ တန်းခွဲ(၂)ရဲ့အလှပဂေး ပန်းပွင့်ဖြူက နီရဲနေတဲ့မျက်နှာလှလှလေးနဲ့ စနောက်နေတဲ့သူတွေကိုလိုက်ရိုက်နေခဲ့သည် ။

"ဟားဟား!"

ကျောင်းသားအုပ်စုကြီးရဲ့သဘောတကျရယ်မောနေကြတဲ့အသံများက ဘေးကပ်ရပ် တန်းခွဲတွေအထိပါပျံ့နှံ့လို့သွားခဲ့သည် ။

ဒီအသံတွေရဲ့မြစ်ဖျားခံရာက မကိုဋ်ဒေးမောင်တို့အုပ်စုကဆိုတာ အသံနားထောင်ရုံနဲ့တင်အားလုံးသိကြပြီးသားပင် ။

"တော်တော့.. သူရှက်နေပြီ"

"အမယ်.. သူ့ရည်းစားကိုစတော့ တားတယ်တဲ့ ဟျောင့်တွေ!"

"မကိုဋ်ဒေးမောင် ကျောင်းဆင်းရင် တစ်ဝိုင်းလိုက်ကျွေးလိုက်တော့!"

တန်းခွဲ(၂)ရှေ့မှာ တဟေးဟေးအော်ဟစ်ပြောဆိုနေကြတဲ့အသံတွေက လွင်ပြင်တို့တန်းခွဲ(၁)အထိပါ အတိုင်းသားကြားနေရတဲ့အထိ ကျယ်လောင်လွန်းနေခဲ့သည် ။

ရယ်မောနေကြတဲ့အသံတွေကြား လွင်ပြင့်နားထဲကြားနေရတာ တစ်ယောက်သောသူရဲ့ရယ်သံနက်နက်တစ်ခုတည်း ။

မိန်းကလေးဘက်ကငြင်းဆန်ပေမယ့် သူ့ဘက်ကဘာမှမပြောလာတဲ့ မကိုဋ်ဒေးမောင်ကြောင့် အပြင်ဘက်ကိုနားစွင့်နေမိတဲ့လွင်ပြင့်မျက်ခုံးတွေအလိုမကျစွာတွန့်ချိုးထားလိုက်မိ၏ ။

ဒါကရော မကိုဋ်ဒေးမောင်ရဲ့ ဘယ်နှစ်ယောက်မြောက်အပျော်ရည်းစားများဖြစ်နိုင်မလဲ ။

လွင်ပြင် မသိချင်တော့ပါ ။

မကိုဋ်ဒေးမောင်ဆိုတာ သူ့အတွက်တော့ အမြဲရင်နာစရာတွေသာဖန်တီးနေတတ်တဲ့သူပဲ ။

"ဟျောင့်! လွင်ပြင်ကကြိုး စာဆက်ခေါ်ဦးလေ!"

လွင့်မျောနေတဲ့အတွေးတွေက ဘေးက ထက်သူရရဲ့လှုံ့ဆော်သံကြားမှ ရပ်တန့်ကုန်တော့သည် ။

ငါ့ကိုမချစ်ဘူး .. (COMPLETED)Where stories live. Discover now