-33-

7.6K 499 13
                                    

Unicode


"လွင်ပြင် မင်းအခုတလောအရမ်းပြုံးလာတယ် ။ တစ်ခုခုထူးခြားနေပြီလား"

ဒီစကားက သည်ရက်ပိုင်းအတွင်း သူငယ်ချင်းတွေဆီက မကြာခဏကြားရတဲ့စကားပင် ။

"ဒီလိုပါပဲ" လို့ ခပ်ပေါ့ပေါ့ဖြေရင်း လွင်ပြင် ကြည်ကြည်နူးနူးပြုံးမိရတဲ့အခိုက်အတန့်တွေဖြစ်၏ ။

"နင် မျက်နှာကိုကြည်လင်နေတာပဲ Top6 ရယ် ။ အချစ်စွမ်းအားက အဲ့လောက်တောင်သိသာစေလား"

လဲ့ရည်ဦးကတော့ ထိုသို့ ပြောရှာသည် ။ သည်ကောင်မလေးက အခုတလော ဒေးရဲ့အခမဲ့ရှေ့နေတောင်လုပ်ပေးနေသေးသည် ။ လွင်ပြင်တို့နှစ်ယောက် တစ်ရက်တစ်လေ စိတ်အခန့်မသင့်လို့ မကြည်မလင်ဖြစ်နေကြရင် ဒေးဘက်ကကာပြောပေးတဲ့အထိ လဲ့ရည်ဦးနဲ့ဒေးက အတော်ကိုရင်းနီးလာတော့သည် ။

"ဒေးက မဆိုးပါဘူး ။ အစကငါကြည့်မရပေမယ့် နောက်ပိုင်း သူပြောင်းလဲသွားတယ် ။ ငါတို့အားလုံးအံ့ဩယူရတဲ့အထိလေးလေးနက်နက်ဖြစ်သွားတာလေ ။ နင့်ကို သူတကယ်ချစ်မိသွားတာဖြစ်မယ် top6"

'လွင်ပြင်အရမ်းပြုံးလာတယ်' ဆိုတဲ့စကားနဲ့ထပ်တူ 'မကိုဋ်ဒေးမောင် အရမ်းပြောင်းလဲသွားတယ်' ဆိုသည့်စကားက ဘော်ဒါတွေကြား အံ့ဩတကြီးနေရာယူလာခဲ့၏ ။

ဒေးရဲ့ဘော်ဒါအရင်းတွေကတော့ 'ဒီကောင် မြ ကိုလိုက်တုန်းကတောင် ဒီလိုတွေတစ်ခါမှမတွေ့ဖူးပါဘူးကွာ' ဆိုပြီး လွင်ပြင့်ကို လာပြောကြတာတွေတောင်ရှိသေးသည် ။

အပေါင်းအသင်းတွေကြားမှာ ဒေးက လွင်ပြင့်ကို ပေါ်ပေါ်ထင်ထင်ပိုးပန်းသည် ။ လွင်ပြင့်နားကပ်သမျှလူတွေကို ရုပ်တည်ကြီးနှင့် ပ ထုတ်သည် ။ ကလေးဆန်ပေမယ့် ထိုပုံစံနှင့်ဒေးက အနည်းငယ်ချစ်ဖို့ကောင်းသည်ဟု လွင်ပြင်ထင်၏ ။

ဒေးက အမှန်တကယ် ပြောင်းလဲသွားသည် ။

လွင်ပြင့်အပေါ် အသေးစိတ်ဂရုစိုက်တာကအစ ၊ လွင်ပြင်မကြိုက်လောက်ဘူးထင်သမျှကို လိုလိုလားလားရှောင်ပေးတာအဆုံး ။

ထို့ပြင် သည်လပိုင်းတွေအတွင်း ဒေးက ပညာရေးဘက်ပါ ပိုပိုသာသာအားထုတ်လာ၏ ။ ဆရာတွေပါးစပ်ဖျားမှာ ခဏခဏချီးကျူးခံရတဲ့အထိ ဒေးက အရမ်းကြိုးစားလာသည် ။ ညတိုင်း လွင်ပြင်နဲ့အတူစာလိုက်ကြည့်ပြီး တစ်ခါတစ်ရံလွင်ပြင်အိပ်ပျော်သွားပြီး တစ်ရေးနိုးလာချိန်အထိတောင် ကြိုးကြိုးစားစားစာဖတ်နေတာမျိုးတွေပါတွေ့လာရသည် ။

ငါ့ကိုမချစ်ဘူး .. (COMPLETED)Tempat cerita menjadi hidup. Temukan sekarang