-23-

8.2K 702 60
                                    

Unicode



လောကမှာ လူနှစ်မျိုးပဲရှိ၏ ။

ပြဿနာကိုရှောင်ပြေးသူနှင့် ကြုံလာသမျှပြဿနာကိုထိပ်တိုက်ရင်ဆိုင်သူဟူ၍ ။

ငယ်ငယ်တည်းက လွင်ပြင့်မိဘတွေက လွင်ပြင့်ကိုဆုံးမထားသည် ။ တွေ့ကြုံရသမျှပြဿနာကို အကောင်းအဆိုးဝေဖန်ပိုင်းခြားနိုင်ရမည် ။ ဖြေရှင်းချက်ထုတ်နိုင်ရမည် ။ ရင်ဆိုင်ဖို့သတ္တိအားမာန်ရှိရမည် ။

သို့ပေမယ့် သည်တစ်ခေါက်တော့ လွင်ပြင်ထိုသို့မလုပ်နိုင်ခဲ့ပါ ။

"မင်း တကယ်ပဲ .... "

ဒေးမျက်နှာက အံ့ဩရိပ်အပြည့် ။ သို့သော် လွင်ပြင်ထင်ထားသလို လှောင်ပြောင်ခြင်းမျိုးမရှိပါ ။

ဒီတိုင်း မထင်မှတ်ထားသည့်အရာကို အတည်ပြုနိုင်သွားပြီး ဘာပြောရမှန်းမသိဖြစ်နေရုံသာ ။

"ငါ .. ငါ ပြန်တော့မယ်"

ထိုနေ့က လွင်ပြင် ဘယ်လိုအိမ်ကိုပြန်ရောက်သွားမှန်းပင်မသိလိုက်ပါ ။

အိမ်ရောက်ရောက်ခြင်း အခန်းတံခါးလော့ချပြီး ထိုတစ်ညလုံးအပြင်မထွက်တော့ပေ ။

လောလောဆယ် လွင်ပြင် ဒေးကို မျက်နှာချင်းမဆိုင်ချင်သေးပါ ။ ဟင့်အင်း ။ မျက်နှာချင်းမဆိုင်ရဲတာဆိုပိုမှန်မည်ထင်၏ ။

ဘာပဲဖြစ်ဖြစ် မိမိကချစ်ရသူဖြစ်တာမို့ ဒေးရဲ့နှုတ်ထွက်စကားတစ်ခွန်းဆိုတစ်ခွန်းအလျောက် လွင်ပြင့်ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားနိုင်သည်မဟုတ်လား ။



*



ရက်သတ္တပတ်အချို့ကုန်လွန်သွားခဲ့သည် ။

ဒေးက ထိုအကြောင်းနဲ့ပတ်သက်ပြီး လွင်ပြင့်ကိုစကားအဟမခံသလို လွင်ပြင်ကလဲအဖြေပြန်တောင်းဖို့စိတ်ကူးမရှိ ။

နှစ်ယောက်ကြားမှာ ထိုဖွင့်ဟဝန်ခံမှု ကြီးကြီးမားမားမရှိခဲ့ဖူးသလိုဟန်ဆောင်နေနိုင်ခဲ့ကြသည် ။

"မနက်ဖန် ရေဘဝဲချက်ရင်ကောင်းမယ်"

ရေခဲသေတ္တာအအေးခန်းက အသားထုပ်တွေကို စူးစမ်းရင်း ဒေးက ခပ်ကျယ်ကျယ် ရေရွတ်သည် ။ သဘောက မီးဖိုချောင်ထဲမှာပန်းကန်ဆေးနေတဲ့လွင်ပြင့်ကိုပါကြားစေချင်သည့်ပုံ ။

ငါ့ကိုမချစ်ဘူး .. (COMPLETED)Where stories live. Discover now